Professional Authors

ပြဒါးမဲ့မှန်

သြဂုတ်လ ရဲ့
ပထမ အပတ်….
ကောင်းကင်က ကြယ်အစုံကို
သူ့ လက်တွေနဲ့ လင်းပြခဲ့ဘူးတယ်…

သူ့ရှေ့က
ကတ္တရာလမ်းပေါ်
ဖ၀ါးခြေထပ် ကြည့်လိုက်စမ်း …..
သွေးလှန့်ကုထုံးအတွက်
လက်ပြန်ရိုက်ချက်များ
အသွားဆာနေတုန်းပဲ…..

သူပိုင်ဆိုင်ခဲ့ပါတယ်…
သုံးသပ်မှုနဲ့…
ရဲ့ရင့်ခြင်း အနုပညာကို ဖေါ်ကြူး…
စုတ်ချာချာ လွယ်အိတ်တစ်လုံးနဲ့…
ခေါင်းလောင်း အိုကြီးကို နှုတ်ဆက်..
သူ ဒါတွေ ပိုင်ဆိုင်ခဲ့ပါတယ်..

အနှစ်နှစ်ဆယ်ကျော်လုံးလုံး
ဒေါင်းဝတ်စုံတစ်ထည်တည်းနဲ့ 
အသက်ရူမ၀ဇာတ်တွေက
သူ့ရင် ကို ကျပ်စေတယ်…

အာဏာ ရှင်မင်းကို အနိုင်ယူမဲ့သူ
ဒီမိုးကို လက်ခုပ်နဲ့ ခံပြီး
သူ့ကိုယ်သူ သရဏဂုံတင်တော့
ဒေါင်းမိခင်အိုကြီး…
မျက်ရည်ဝဲခဲ့ဘူးတယ်…

ဗမာ့မြေပုံ ကို..
သူ့ ပခုံးပေါ်ထမ်း..
တုတ်ပြီး ဓါးပြီး မတတ်ပေမယ့်..
သေနတ်ပြီးမှာ မကြောက်ခဲ့တဲ့သူ…

စာရွက်အလွတ် တစ်ရွက်ပေါ်မှာ..
သူရေးတဲ့စာ….
\”ဒေါင်းအလံတွေကို ကျောင်းနရံတွေမှာ..ပြန်စိုက်မယ်\”တဲ့
သူ့ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်
ခုထိ ရွက်လွှင့်နေတုန်းဘဲ……

(မောင် အတီး)
အောက်တိုဘာ ၁၂ရက် ၂၀၁၂ ခုနှစ်

In: ကဗျာ Posted By: Date: Mar 2, 2013
Comment #1

arr pay twar par de

commentinfo By: ei lay at Mar 2, 2013
Comment #2

တကယ်ဘာမှန်းမသိ ပေမဲ့…တကယ် ခိုက်လောက်အောင် ခံစားမိပါသည်…….( တကယ်)

commentinfo By: bone lay htet lwint at Mar 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment