Professional Authors

ဒေါင်း ဥဒါန်း

ဒေါင်း စိတ်..
ဒေါင်း မာန်…
ဒေါင်း အလံ နဲ့…
ဒေါင်း ပျိုရွယ်တွေ…
တွန် ကြူသံကို..
၏ကမ္ဘာပေါင်း..
တိုက် တစ်သောင်းသို့…
ပဲ့ထင် ထပ်စေ..
ထင်ဟပ်စေဟု…
ငါကြွေးကြော်သည်…

ဖိနှိပ်သူတွေ ကြားကြလော့..
ထိန်းချုပ် သူတွေ ကြားကြလော့

ငါတို့ လက်ထက်
ငါတို့ ခေတ်၌…
ငါတို့ သွေးသား..
မခမ်းခြောက်သရွေ့
ဒီစနစ် ဆိုး….
အပုပ်သိုး..ကို
အမြစ်ကို လှန်…
အပိုင်းပိုင်းပြတ်ရွေ့
ချုပ်ငြိမ်းရမယ်….

ငါတို့ သဓိဌ္ဓာန်..သတည်း..

ဤပထ၀ီ မြေကြီး..
တုန်ဟီး ပါစေသား….

(မောင် အတီး)

In: ကဗျာ Posted By: Date: Mar 2, 2013
Comment #1

arr pay twar par de

commentinfo By: ei lay at Mar 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment