Professional Authors

ပြီးခဲ့တဲ့စနေနေ့နဲ့ ဆင်တူနေ့ (အောင်ချိမ့်)

လူ့ကိုယ်မှာ
သကြားများများ လိုတယ်
အက်ဆစ် လိုတယ်
မှားတာမှန်တာ လိုတယ်
အေး၊ ဟိုမုန်းလည်း လိုတာပေါ့။
လမ်းဖြတ်ကူးရင်း အငွေ့ပျံသွားတော့မယ် ဟေ့လူ
စီးဝင်ခြင်း၊ မာခဲခြင်း၊ ပေါ့ပါးခြင်း၊
လောင်ကျွမ်းခြင်းဓာတ်များ
မထူးဆန်းတဲ့ စားသောက်ရေးဟာသ
သုတေသနပြုဆဲ ရောဂါမျိုး စွဲကပ်နိုင်တာ
အလိုလိုအဆောက်အဦးများ ပြိုကျတတ်တာ
မမျှော်မှန်းနိုင်တဲ့ သဘာဝကိစ္စများအလယ်
လူသတ္တ၀ါဆိုတာ သိပ်ငယ်လွန်းပါတယ်။
ဒေါသမကြီးပါနဲ့
လိမ္မော်သီးရောင်းတဲ့ဆိုင်
မိန်းမလှလှထိုင်တဲ့ ပုဆိုးဆိုင်နဲ့
မလိုင်များများ အထူးလက်ဖက်ရည်တစ်ခွက်ပါ
တင်းထားဖို့ တစ်စုံတစ်ရာနဲ့ ခံတွင်းပျက်
အင်္ကျီမှာ ချုပ်ရာ ဖာရာများခဲ့ပေါ့။
နေ ဘယ်နှစ်ခါ
လ ဘယ်နှစ်ခါ
စစ်ပွဲဘယ်နှစ်ခါ၊ ငြိမ်းချမ်းရေးဘယ်နှစ်ခါ
ဘေဘီလုံ ဥယျာဉ်မျိုး ဘယ်နှစ်ခါ
ကျုပ် ဘယ်နှစ်ခါရှိပြီလဲ။
ခုဆို ညနေ ၆ နာရီရှိပေါ့
အမှန်တရားတစ်ခုတည်းကို ဟောပြောဖို့ကိစ္စဟာ
နည်းနည်းစောပြီး
သိပ်နောက်ကျသွားပြီ။     ။

အောင်ချိမ့်

Leave Comments

Name*

Email*
Website
Email me whenever there is new comment