Professional Authors

အလွမ်း ၃

သေတော့မယ် ထင်ရလောက်အောင်
လွမ်းခဲ့ဘူးတာပေါ့
အခုတော့ မင်းကို လွမ်းတဲ့ငါ့အလွမ်းက
ငါ့မိန်းမလက်က ဆီအပူလောင်သလောက်တောင်
အရေးမပါတော့ဘူး။

အခုအထိ လွမ်းနေတယ်ဆိုရင်တောင်မှ
လှောင်စရာကိစ္စ အနေနဲ့ပါကွယ်။

အချစ်ဆိုတာ
ပြန်လည်စိုက်ပျိုးလို့ ရမှန်းမသိသူတွေကို
အလွမ်းဆိုတာ
မတန်သူတွေအတွက် မလိုမှန်းမသိသူတွေကို
မိန်းမဖြစ်သူလက်ကလေးကို
လေအေးလေးနဲ့မှုတ်ပေးရင်း သနားမိတယ်။

ရည်းစားဟောင်းဆိုတာ
စက်ဘီးစီးသင်ရင်း
ချော်လဲတုန်းက အနာရွတ်လိုပါပဲ
လူထူရင် ဧည့်ခံစကားပြောလို့ရတာပေါ့။

ကံကောင်းလို့
ငါလွတ်မြောက်ခဲ့ပါတယ် မိန်းမရယ်။   ။

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

:’)

LIKE MUCH

commentinfo By: အသဲကွဲ မိုး at Feb 28, 2013
Comment #2

🙂
phat shu twar par de

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment