Professional Authors

ငါအရူးတယောက်လိုမချစ်တတ်ဘူး

နင်ထားသွားချင်တိုင်းထားသွားနိုင်ပြီး
နင်ပြန်လာချင်တဲ့အချိန်ပြန်လာပါ  လို့
သဘောထားကြီးကြီးထားပေးရလောက်အောင်
ငါက သည်းခံခြင်းတရားကို လေ့ကျင့်မထားဘူး
ဘာအကြောင်းပြချက်မှမပေးဘဲ
ကျောခိုင်းစွန့်ခွာပြေးတဲ့သူကို
မျှော်လင့်ချက်တပုံတပင်နဲ့
ရပ်စောင့်နေ၇လောက်အောင်လည်း
ငါ့ ဘက် က မပေးဆပ်နိုင်ဘူး
အရမ်းချစ် ခဲ့ မိတာ မှန်ပေမယ့်
နင်ပြောသမျှ နင်ရက်စက်သမျှကို
ဟန်ဆောင်ပြုံးပြီး
ရင်စီးခံပေးရလောက်အောင်တော့
ငါ က
အရူုးတယောက်မဟုတ်တော့
အဲလောက်မချစ်နိုင်ဘူး
လွမ်းတော့လွမ်းနေဦးမယ်
ဒါပေမယ့် အဲဒီ့အလွမ်းမှာ
နာကျည်းခြင်းတွေ အပြည့်ပါတယ် ဆိုရင်
အဲဒါ အချစ်မစစ်ခဲ့လို့မဟုတ်ဘူးနော်
ငါ က အရူးမဟုတ်လို့……………..။                    ။

In: ကဗျာ Posted By: Date: Feb 20, 2013
Comment #1

ဟီးဟီး
အိ ကတော့အဲလိုအဖြစ်မျိုး နဲ့ကြုံရရင်လေ အရူးလို့ပဲအပြောခံရမှာသေချာတယ်။
ပြောလည်းဂရုစိုက်ပါဘူး
😛
ကိုယ့်ချစ်သူကို ဘယ်လောက်အလေးအနက်ထားပြီးတန်ဖိုးထားတယ်ဆိုတာ သေသွားတဲ့အထိ သိစေရမယ်

commentinfo By: ei lay at Feb 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment