Professional Authors

ချစ်သူ့ ဥပါဒါန်

ရင်မှာပွင့်တဲ့ အလှဆုံးပန်းကလေးရယ်
မင်းအမြဲ လှပလန်းဆန်းအောင်
ပြုပြင်ဖန်းတီး ဘာမဆိုလည်းရင်းနှီးချင်တယ်
ငါလေ မင်းရဲ့….
မူပိုင်ရာသီဥတုတစ်ခုလည်းဖြစ်ချင်ရဲ့

မျက်လုံးဖွင့်တာနဲ့ အရောက်လာတတ်တဲ့နတ်သမီး
မင်းမျက်နှာဖူးရင်း မျက်နှာသစ်ရတဲ့
ငါ့ရဲ့..လှပတဲ့နံနက်ခင်းတွေလို
မင်းကိုလည်းမွေးဖွားပေးချင်ရဲ့
ငါလေ မင်းအတွက်
နေခြည်နုနုလည်းခူးပေးမယ်….

အတ္တကင်းတဲ့ သစ္စာနှင်းခြင်းပါကွယ်
ရင်ဖြစ်စစ်စစ်မို့ အခိုးငွေ့ကင်းတယ်
အကြင်နာနဲ့ရေးတဲ့ကဗ္မည်းမှာ….
ယုံကြည်မှုလည်းအပြည့်နဲ့
တစ်ခန်းနားခဲ့တဲ့ဇာတ်ကို အဆုံးသတ်ဖို့
ပြန်ကစို့

ခေါက်ချိုးညီ ပုံဖော်ထုဆစ်ထားတဲ့အိပ်မက်တွေ
ဘယ်တော့များရောင်နီပွင့်လာလိမ့်မလဲ…???

ချစ်သူရယ်….
မင်းနှလုံးသားကိုဗဟိုပြုလို့ အရာအားလုံးနဲ့
ငါ..ကျိန်.တယ်
ကမ္ဘာပျက်သုဉ်းတောင်
ငါ့အချစ်မဆုံးစေရဘူး…..

In: ကဗျာ Posted By: Date: Jun 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment