Professional Authors

ဖေဖော်ဝါရီ 9

မအိလေးရေကျွန်တော်မရ ရအောင်စိတ်ကူးပြီးတော့ကဗျာလေးကိုရေးခဲ့တယ်ဒီကဗျာကိုရေးနေရင်းနဲ့ 
ကျွန်တော်စိတ်တွေမနဲထိန်းချုပ်ထားရတယ် မွေးနေ့ ကဗျာလေးပေါ်မှာ ဒေါသတွေမစွန်းမိအောင်လို့ 
ကျွန်တော်မွေးလာကတည်းက 1995.2.9 ရက်ကသာကျွန်တော့်ရဲ့ မွေးနေ့ ဖြစ်ပြီးကျန်တာတွေကတော့
ဘာမှမဆိုင်တော့တဲ့ နေ့ ရက်တွေပါပဲ မွေးနေ့ ဆိုတာတစ်ခါမှမလုပ်ဖူးဘူး အဆိုးဆုံးကတော့ကျွန်တော့်မွေးနေ့ ကို
အိမ်ကမိသားစုဝင်တွေတောင်မသိကြတာပဲ ညီအစ်ကိုအရင်းတောင်မှမသိဘူးတဲ့ခင်ဗျာ ရေးနေရင်းနဲ့ ကျွန်တော်စိတ်တွေ
တင်းလာသေးတယ်အဲ့အကြောင်းတွေရေးအုံးမလို့ပါဒါပေမဲ့ မကောင်းပါဘူးလေဆိုပြီးအခုလိုလေးပဲရေးလိုက်တာပါ
ဖတ်ပေးတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးကိုကျေးဇူးတင်ပါတယ်…။

မွေးတဲ့ရာသီ နွေနဲ့ ဆောင်းကြား
အေးတလှည့် ပူတလှည့်
မျှဝေခဲ့သလို ရာသီခွင်လည်းမျှတတဲ့
ဖေဖော်ဝါရီရယ်…

ဂုဏ်ထူးဆောင်နေ့ ရက်တို့ နဲ့ 
ပြည့်နှက်နေတဲံ့ ဖေဖော်ဝါရီရယ်…

ဘာရာသီဖွား မသိသော်ငြားလည်း
တေလေစိတ်ကူးနဲ့ 
အဓိပတိဖွားတော့ဖြစ်ခဲ့ချင်တယ်…။

ဘယ်သူမှအသိအမှတ်မပြုလဲ
တစ်စုံတစ်ယောက်က အသိအမှတ်ပြုတဲ့အတွက်
ငါကျေနပ်တယ် ဖေဖော်ဝါရီရယ်…။

ဒီနေ့ ခေတ်ရဲ့  Birthday Wish တွေ
ပျော်ရွှင်ပါစေဆုတောင်ပေးလေ
ဆုတောင်းပေးတဲ့သူတွေကိုလေ
အထူးကျေးဇူးတင်လျက်…။

In: ကဗျာ Posted By: Date: Feb 9, 2013
Comment #1

ကျေးဇူးအများကြီးတင်ပါတယ် loafer
အိရဲ့တောင်းဆိုမှုကိုအလေးအနက်ထားပေးတဲ့အတွက် အိရဲ့

commentinfo By: ei lay at Feb 9, 2013
Comment #2

အိရဲ့တောင်းဆိုမှုကို အလေးအနက်ထားပေးတဲ့အတွက်
အိရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက်
အိကို အသိအမှတ်ပြုတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ် loafer..

အိကြောင့် loafer စိတ်ဆင်းရဲသွားရတာ တောင်းပန်ပါတယ်
အိကြောင့်loafer စိတ်ဆိုးရတဲ့အတွက်လည်း တောင်းပန်ပါတယ်နော်

wishing u have happy lovely longer life span with ur beloved.

commentinfo By: ei lay at Feb 9, 2013
Comment #3

ညီလေး….

ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်.။ ကိုယ့်ရဲ့ မွေးနေ့ကို မိသားစုဝင်တွေကတောင်မသိဘူးဆိုတော့ ကျွန်တော်ခံစားကြည့်မိသလောက် တော်တော်ကို စိတ်ဆင်းရဲစရာကောင်းပါတယ်.။ ကျွန်တော် စာနာမိပါတယ်.။ ဒါပေမဲ့ ညီလေး… မင်းဒေါသထွက်နိုင်ပါတယ်.။ စိတ်နာနိုင်ပါတယ်…။ ဒါပေမဲ့ အားတင်းထားပါ.။ ခံစားရတာတွေ အရမ်းပြင်းထန်လာတဲ့အခါ ကဗျာတွေနဲ့ထွက်ပေါက်ပေးဖို့ မင်းမှာ အခွင့်အရေးရှိတာဘဲ.. Poemscorner မှာနွေးထွေးတဲ့ နှလုံးသားတွေ အများကြီးပါ ညီလေး.။

February 9 ရက်နေ့ကို ကျွန်တော်မှတ်သားထားလိုက်ပြီ.။ ငါတို့ဟာ ဒီနေရာလေးမှာ နှလုံးသားချင်းမဝေးတဲ့ ညီအကိုတွေလို့ သဘောထားလို့ မှတ်သားလိုက်တာပါ..။ ညီအကိုအရင်းက မသိပေမဲ့ ညီလေးရေ….မင်းမွေးနေ့ကလေးကို နောင်နှစ်တွေမှာ P.C မှာအကိုရှိသေးရင် ပထမဆုံး ဆုတောင်းပေးသူ အဖြစ် အကိုရှိနေပေးမယ်။ (ကတိပေးတာပါ)

ကွန်မန်ကြီးရှည်သွားပေမဲ့ မငြီးငွေ့ပါနဲ့..ညီလေး

ပျော်ရွှင်ကျေနပ်ရသော မွေးနေ့ကို ဖန်တီး၍သော်လည်းကောင်း .. တစ်စုံတစ်ရာကြောင့်သော်လည်းကောင်း .. ထိုက်တန်စွာ ရရှိနိုင်ပါစေ..။ (နောက်နှစ်တွေမှာရော)

မင်း….ပျော်……ရွှင်…..ပါ……စေ…..ညီ…….လေး……..ရေ…..။

(ခင်မင်လျက်)

commentinfo By: နိုးဆက် နေ့ at Feb 9, 2013
Comment #4

i i i i i i i i i i i i i i i i i i
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။။
။ ။
။ ။
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

( BIRTHDAY CAKE ကြီးပေါ့ ညီလေးရာ… ဖယောင်းတိုင် ဆယ့်ရှစ်တိုင်နဲ့ပေါ့ .. မတူပေမဲ့ ခံစားလို့ ရမှာပါ )

***** Happy Birthday Loafer *****

commentinfo By: နိုးဆက် နေ့ at Feb 9, 2013
Comment #5

i i i i i i i i i i i i i i i i i i
။……………………………။
။……………………………။
။။။။။။။။။။။။။။။။။။။။။။။။။။။

commentinfo By: နိုးဆက် နေ့ at Feb 9, 2013
Comment #6

~~~~~HAPPY BIRTHDAY ~~~~~brother
ထာဝရပျော်ရွှင်ကြည်နူးအောင်မြင်နိုင်ပါစေကြောင်း လှိုက်လှစွာ
ဆုတောင်း အားပေးနေလျက်

ကျွန်တော့် ကဗျာမောင်နှမလေးကို အားးးးအကြီးကြီးပေးသွားပါတယ်
ရှိခံစားနိုင်ပါစေ

commentinfo By: athaekwelmoe at Feb 10, 2013
Comment #7

hote par p.
ya nae hma sa naung htit paung myar swar sate chann tar.kou kyann mar phyit pyaw shwin taw ba wa laee ko pine sine ya par say.
happy lovely birthday to sweety loafer.

commentinfo By: ei lay at Feb 10, 2013
Comment #8

ကျေးဇူးအများကြီးတင်ပါတယ်
ကျွန်တော့်ရင်ထဲကခံစားနေရတာတွေတော်တော်လေးပေါ့သွားတယ်
ထာဝရ P.C မှာကဗျာတွေေ၇းနေမှာပါ ကဗျာညီအစ်ကိုမောင်နှမများနှင့်အတူ 🙂

commentinfo By: loafer at Feb 10, 2013
Comment #9

ko set loak pay de birthday cake g ko be tone ka sarr like dar tone?
ei le ma ti like ya par lar?
🙁
loafer

commentinfo By: ei lay at Feb 10, 2013
Comment #10

အမလည်း ဆုတောင်းပေးထားတယ်နော်
တွေ့တယ်ဟုတ်

commentinfo By: မေပျို at Feb 10, 2013
Comment #11

ကိုLoafer Happy Birthdayဗျာ မွေးနေ့မှာစိတ်ချမ်းသာပါစေ ကုသိုလ်တွေအများကြီးရပါစေ ကျွန်တော့ Birthday wish က နောက်ကျသွားတယ်နော် တောင်းပန်ပါတယ် မွေးနေ့မှာ စိတ်ကိုအကြည်လင်ဆုံးထားပါဗျာ ဘယ်သူမှခင်ဗျားမွေးနေ့ကိုမမှတ်မိလည်းဘာဖြစ်လဲ ခင်ဗျားအားငယ်နေ့ဖို့မလိုပါဘူး ခင်ဗျားမွေးနေ့ကိုခင်ဗျားသိရင်ပြီးတာပဲ အဓိကက ကိုယ့်မွေးနေ့မှာ ကုသိုလ်ကောင်းမှုလေးတစ်ခုလောက်လုပ်နိုင်ဖို့ဘဲမဟုတ်လား တစ်ချို့လူတွေဆို သူတို့မွေးနေ့တောင် သူတို့မသိရရှာပါဘူးဗျာ ~~

With respect,
RAY

commentinfo By: X - ray at Feb 11, 2013
Comment #12

အားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်ဗျို့ 

commentinfo By: loafer at Feb 11, 2013
Comment #13

one of my memories
I love u all
🙂

commentinfo By: loafer at Jul 27, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment