Professional Authors

ဖေဖော်ဝါရီ၁၃

ဖေဖော်ဝါရီ  ၁၃ မှာ

ဗိုလ်ချုပ်မွေးနေ့ပါ……လို့

ပြန်ပြန်ဆိုရင်း

တကယ်ကြီးကိုလွမ်းမိတယ်

လူမသိသူမသိပြီးဆုံးသွားမယ့်နေ့ရက်တရက်

သူ့နောက်ကဖေဖော်ဝါရီ ၁၄ လောက်တောင်

မြန်မာပြည်ကလူငယ်တွေစိတ်ကို

မလွှမ်းမိုးနိုင်ပါလား

လက်ရှိအမိနိုင်ငံရဲ့ အခြေအနေ

သူ့အတွက်……….

ကျေနပ်စရာမှဖြစ်ပါ့မလား

ကိုယ်ကျိုးမကြည့်ဘဲ

ပြခဲ့တဲ့ အာဇာနည်စိတ်ဓာတ်

ရဲရဲနီခဲ့တဲ့

သွေးတွေ………..

သူပြောခဲ့တဲ့ရဲရဲတောက်မိန့်ခွန်းတွေ

အခုချိန်ထိ လွမ်းမိတုန်းပဲ

အရာရာအနစ်နာခံပြီး

ပြည်သူတွေကောင်းစားဖို့လုပ်ခဲ့သမျှ

သူရဖို့က……….

မေ့ပျောက်ခြင်းတွေများလား………ဟင်

ဒါဆိုရင်တော့

တော်တော်ဝမ်းနည်းနာကျည်းဖို့ကောင်းပါရဲ့။

In: ကဗျာ Posted By: Date: Feb 13, 2011
Comment #1

အားပေးသွားပါတယ် … စုနိုင်ပြောတာ ဟုတ်တယ်.
ဗိုလ်ချူပ်မွေးနေ့ကိုတော့ မဆိုင်သလို့နေ နေကြတယ်.. 14 ၇က်နေ့ကိုတော့ ၇ူးသွပ်လိုက်ကြတာ..

commentinfo By: genius.jinx28 at Feb 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment