Professional Authors

၁၁ နာရီခွဲက နီးလာလိုက် ဝေးသွားလိုက်…

၁၁ နာရီခွဲက နီးလာလိုက် ဝေးသွားလိုက်…

 

ပေါက်ကွဲမှု့ထဲက ရှင်ကျန်သူအဖြစ် လူပြောသူပြောများနေပေမယ့်

ခင်းဗျားရဲ့သွက်ချာပါဒလိုက်လာမှု့တွေကျုပ်သိနေတယ်

မအိပ်ပဲအိပ်ပျော်နေတဲ့ညတွေကိုစိတ်ကုန်လာပြီဆို

မီးရောင် လိုအပ်/ရှာဖွေနေပေမယ့် မီးရောင်တွေ့ရတိုင်း ဝေဝါး/မျက်ရည်ကျရတဲ့မျက်လုံးလို

အစိမ်းရောင်စာတစ်ကြောင်းပေါ်လာဖို့ ဒါမှမဟုတ်

သူ့ဝုန်းဒိုင်းကြဲမှု့တွေထိုင်ကြည့်ဖို့

ဘာမှမရှိတာတွေနဲ့ လုံလောက်နေလည်း

အသံတွေကြောင့် အသံတွေနဲ့ နားကိုပြဿနာမရှာပါနဲ့…

အထီးကျန်သူတွေရဲ့ အပြုအမူ အသံတစ်သံကြားနေရတယ် ခပ်ဝေးဝေးက

သူ့ဆီပြေးသွားလိုက်ရင် ပျောက်သွားပြီး ကျောခိုင်းလိုက်ရင်ပြန်ဟာသွားစေတယ်

သူပျော်ဖို့ပဲခင်ဗျားဖြစ်နေတာဆို

သိပ်လှတဲ့ စကားတွေပြော သတ်သမျှကိုခံလို့

တစ်ယောက်ယောက်တော့ရှိမှာပါလို့တွေးမိချိန် ခင်ဗျားရှိနေဖို့

ဆန္ဒရှိတဲ့အချိန် အချိန်ထိ အသေကောင်လိုနေဖို့

တလွဲတော့ ထပ်မတွေးပါနဲ့ ကျုပ်ခင်ဗျားကိုပြောနေ/မိသမျှက

ကျုပ် ခင်ဗျားကို ပြောမိ/နေတာမဟုတ်ပါဘူး…

မြေနံ့

၁.၁.၂၀၁၃

In: ကဗျာ Posted By: Date: Feb 7, 2013
Comment #1

တလွဲတော့ ထပ်မတွေးပါနဲ့ ကျုပ်ခင်ဗျားကိုပြောနေ/မိသမျှက

ကျုပ် ခင်ဗျားကို ပြောမိ/နေတာမဟုတ်ပါဘူး…

commentinfo By: moehtetaung18 at Feb 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment