Professional Authors

ဖေဖော်ဝါရီရောက်ပြန်ပြီ

ဖေဖော်ဝါရီ ရောက်ပြန်ပြီမို့
မြည်တမ်း၍သာညည်းမိ၏။

ကြည့်ကြပါကွယ်
နေရာစုံလို ပရိုမိုးရှင်း
ဈေးခင်းလို့ရယ် ရောင်းဝယ်နေကြ
မြင်ရလို့နေ လက်ဆောင်တွေပဲ။

တစ်ချိန်ကဆို
နှစ်လိုအားရ ရောင်းခဲ့ကြသည်
အားကျစရာ တို့မြန်မာဟု
ဝမ်းသာဂုဏ်ယူ လွှင့်တင်ထူရန်
အလံတွေသာ ဆိုင်မှာမြင်ခဲ့
ဟုတ်ရဲ့လားကွယ်။

ခေတ်တွေလဲပြောင်း ဟောင်းလို့ရယ်သွား
ယခုငြားတော့ အများစိတ်မှာ
လေးထားတာက ဗာလင်တိုင်းဒေး
စီးပွားရေးပင် လူငယ်တွင်လဲ
အစဉ်ကဲဖို့ တွေးလို့သာပဲ
ဆင်နွှဲချိမ့်သဲ နိုင်ငံ့ပွဲကို
ရှောင်ဖဲသွားကြပြီတကား။

ပြည်ထောင်စုနေ့ တို့မမေ့ဟု
လူစေ့ဟစ်အော် ကြွေးကြော်ခဲ့လည်း
လွဲသွားခဲ့ရ စကားမှ။

ငါတို့နိုင်ငံ ပွဲတော်မှန်မို့
တို့ကြံကာဖြင့် ရောင်လျှံတင့်အောင်
စွမ်းဆောင်သင့်သည် တူညီပေါင်းကာ
ပြန်ဖော်ပါ၍ မမေ့တည်ပြု
စည်းလုံးမှုကို ယခုဝိုင်းလို့
ပြပါစို့။

In: ကဗျာ Posted By: Date: Feb 6, 2013
Comment #1

nice

commentinfo By: ei lay at Feb 6, 2013
Comment #2

nice က sponserပေးထားလို့လားဗျ valentineအတွက် coupleအကျီင်္တွေကြော်ညာခိုင်းထားလို့လားဗျ 😛

commentinfo By: cho oo wai at Feb 6, 2013
Comment #3

ဘာတွေပြောနေတာတုန်း?
ရှင့်ကဗျာကိုကောင်းတယ်။ ကြိုက်တယ် လို့ ပြော တာ တော့

commentinfo By: ei lay at Feb 6, 2013
Comment #4

တိမှတိပဲဗျို့

commentinfo By: cho oo wai at Feb 6, 2013
Comment #5

နို့ ခုရောသိပြီလား
😛

commentinfo By: ei lay at Feb 6, 2013
Comment #6

ဘိတ်သားသိပြီဗျို့ 🙂

commentinfo By: cho oo wai at Feb 6, 2013
Comment #7

😛

commentinfo By: ei lay at Feb 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment