Professional Authors

ကဗျာရဲ့ ကျိန်စာ နက္ခတ်ထဲက သေလူ

 

၁၉ရက် သြဂုတ်ရဲ့ အညှိုးကြီးတဲ့မိုးထဲ..

ကြွေကျလာတဲ့ သိဟ်ရာသီ အပဲ့အရွဲ့တစ်စ……

 

ဘုရားသခင် ရင်ဘတ်ကိုမှ

လှုတ်ယှက် အောင် တီးခတ် ချင်တဲ့ လူမိုက်……..

 

ကိုက်တရာမကတော့တဲ့ လမ်းမများပေါ်

ကိုယ့်နာမည်အမှန်ကို မအော်ရဲတော့တဲ့ တေလေ…….

 

အညှိုးအတေးကြီးစွာ အခွဲခံထားရတဲ့ နှလုံးသားကို

စကားလုံးအသေများနဲ့ ပြန်ချုပ်ထားတဲ့ သေလူ……….

 

တိမ်ဖြူ တွေကို သိပ်သည်း မှိုင်းညှို့စေလို့

ကဗျာအမည် နဲ့ရွာကျတဲ့ လက်ဖ၀ါးက အဆိပ်………….

……………………………


နတ်ဆိုးတွေ ထာဝရအိပ်စက်တဲ့

လိပ်ပြာတွေ ရဲ့ ကောင်းမြတ်ခြင်း  ဒဏ္ဍာရီတစ်ပုဒ်မှာ

ငါ့ကို ဆူးလုပ်ပြီး  မုန်းပစ်လိုက်ကြ စမ်းပါ……….

မုန်း……..ပစ်……..လိုက်……..ကြ………စမ်း……..ပါ……..။။

 

(လူငယ်တစ်ယောက်ရဲ့ နာကျင်ခြင်းကို ရွက်ဆုပ်ပြက္ခဒိန်ပေါ်က ဖန်တီးခံ ကိန်းဂဏန်းတွေနဲ့ မတိုင်းတာ ပါနဲ့..

ကဗျာရေးရင်း ခိုးချရတဲ့ သက်ပြင်းတစ်ချက်ဆိုတာ  ငါသတ်မှတ်ထားတဲ့ တန်ဖိုးအနဂ္ဂ ပါဘဲ )

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Feb 3, 2013
Comment #1

အညှိုးအတေးကြီးစွာ အခွဲခံထားရတဲ့ နှလုံးသားကို

စကားလုံးအသေများနဲ့ ပြန်ချုပ်ထားတဲ့ သေလူ……….

commentinfo By: နွေ at Feb 4, 2013
Comment #2

ကဗျာကောင်းလေးဗျာ……

commentinfo By: moehtetaung18 at Feb 4, 2013
Comment #3

အညှိုးအတေးကြီးစွာ အခွဲခံထားရတဲ့ နှလုံးသားကို

စကားလုံးအသေများနဲ့ ပြန်ချုပ်ထားတဲ့ သေလူ……….

အရမ်းမိုက်တယ်

commentinfo By: မေပျို at Feb 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment