Professional Authors

ပန်းလေးနှင့် အငြိုးရှင်

ပွင့်ဖတ်ကိုခွာ
အညှာကိုချိုး
အရိုးကိုချေ
ဆွတ်ခြွေကာချ
မြေခရလဲ
မရပ်စဲပဲ
ကဲလို့သာလျှင်
ဖဝါးပြင်ဖြင့်
ရင်နင့်အောင်သာ
နင်းချေပါ၏
လွန်တရာသာ
နာကျင်ပါလဲ
ပြုံးမြဲလျက်သာ
မမုန်းပါသည်
ဤမှာမှန်စွ
ပန်းဘဝပင်

In: ကဗျာ Posted By: Date: Jan 31, 2013
Comment #1

🙂

commentinfo By: ei lay at Jan 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment