Professional Authors

ပြည့်စုံသူသို့ကြံပြုလွှာ

နှမငယ်ဖြူ နှလုံးမူလော့
ရူပါရုပ်ရည် ပြည့်စုံပေလည်း
ရွှံ့ရေဗွက်လို မဲနောက်ညိုသော
စိတ်ကိုစွဲကိုင် သင်ပိုင်ဆိုင်က
ကြိုင်လှိုင်မွှေးပျံ့ သင့်ရနံ့သည်
တည်တံ့ရှည်ကြာမှာမဟုတ်။

နှမငယ်ဖြူ နှလုံးမူလော့
များလူလည်မှာ ၀င့်ထည်ဝါလျက်
ဥစ္စာများစွာ ပိုင်ဆိုင်ပါလည်း
မာနတရား လိုက်ကိုင်ထားက
သင့်နားလိုလျှင် ကူညီချင်မည့်
ခင်မင်မည့်လူ အသူသူတို့
ငြူစူပစ်ပယ်ရှောင်ဖယ်လိမ့်။

နှမငယ်ဖြူ နှလုံးမူလော့
သင်ယူကြားနာ များပညာတို့
သင့်မှာတတ်မြောက် ဂုဏ်ယူလောက်လည်း
မောက်မာထောင်လွှား အတ္တထားက
သင့်အားဝေဖန် ရွံကြတန်သည်
အမြန်ရှောင်ကြဉ်စေချင်၏။

ချိုဦးဝေ(၁၅.၁.၂၀၁၃)

In: ကဗျာ Posted By: Date: Jan 31, 2013
Comment #1

🙂

commentinfo By: ei lay at Jan 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment