ဘ၀နိဗ္ဗာန်
နေခြည်ပွင့်ဝေ
လင်းလေချိန်မှ
မြင်ရချင်သည်
နေခြည်မှိတ်သုန်
လင်းကုန်ချိန်လည်း
စဉ်မြဲတူသာ
ရှိပါလိုသည်
တူညီလျှောက်လည်
ရင်ဝယ်ကြည်နူး
အရူးလိုပင်
ပျော်ရွှင်ပါလှ
မြူးရပြန်၏
ပီတိဝေဆာ
ရင်မှာစည်တီး
မငြီးမည်မျှ
ပန်းရပါစေ
တို့တွေတူသာ
ရှိကာနေလျှင်
ဘဝင်မှာအေး
ကလေးငယ်သွင်
မေ့ချင်ဖြစ်ရ
လောကကိုပင်
တူကြင်နှစ်ကိုယ်
လက်ကိုတွဲလို့
နတ်တို့နေရာ
ဒေဝါပြည်၌
ရောက်လိုက်သလို
ကဲပိုမိသည်
သက်တည်သ၍
ထပ်ရွှေ့မပြောင်း
မဟောင်းရင်မှာ
သူသာရှိမည်
ဆက်တည်ဖြစ်ရ
ဘဝများစွာ
အခါခါလည်း
အမြဲဆုံလို
တွေ့လိုပါ၏
အတိရင်မှာ
စဉ်သာဆုတွေ
တောင်းချွေမိခဲ့
မယ်နဲ့သာလျှင်
ပေါင်းချင်၏…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
Oh..oh..
Hit directly.
same feeling.
🙂