Professional Authors

ဖန်မီးအိမ်(တင်မိုး)

ဖန်မီးအိမ်သည်
ကြောင်လိမ်နွယ်ဆင့်
နန်းအိမ်မြင့်မှာ
ထွန်းတင့်နိုင်မည်မဟုတ်ပါ ။

ဖန်မီးအိမ်သည်
တိမ်လွှာကိုစား
လရထားဖြင့်
ဝင့်ကြွားစွာလျှင်
ခရီးနှင်သည်
သခင်တို့ မြန်း
ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ ။

ဖန်မီးအိမ်သည်
မငြိမ်မသက် စိတ်ယောက်ယက်နှင့်
လမ်းပျောက်တူရူ၊ လျှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း…။

In: ကဗျာ,တင်မိုး Posted By: Date: Jan 27, 2013
Comment #1

ဖန်မီးအိမ်သည်
မငြိမ်မသက် စိတ်ယောက်ယက်နှင့်
လမ်းပျောက်တူရူ၊ လျှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း…။

commentinfo By: tawlaywa at Jan 29, 2013
Comment #2

ဆရာတင် မိုးရဲ့ ကဗျာ တွေကို ဖတ်ခွင့်ရတဲ့

အတွက် poemscorner ကို အရမ်း ကျေးဇူး

တင် ပါ သည်

commentinfo By: Alin at May 23, 2014
Comment #3

ဆရာရဲ့ အလှကိုယ်စီ ကဗျာ လိုချင်ပါတယ်

commentinfo By: Ne Lynn at Jun 2, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment