Professional Authors

အရုပ်ကြိုးပြတ်ညနေ

ရှူနာရှိုက်ကုန်းညနေတွေ
ထိုင်ငေးမောရင်း
သောက်လက်စလက်ဖက်ရည်ခွက်လို
ဘ၀ကအေးစက်သွားတယ်
ပြင်းပြစွာပြန်လိုချင်မိတယ်
ငယ်ငယ်တုန်းကပထမဆုံးစ၀တ်ဖူးခဲ့တဲ့
ကျောင်းစိမ်းအဖြူထည်လိုဖြူစင်ခြင်းမျိုး
ခုချိန်မှာ…
အမေ့ရဲ့ကရုဏာဒေါသတွေ
မက်မောစွာအရိုက်ခံလိုက်ချင်တယ်
ကဲ…ခုတော့
ဒါဏ်ရာတွေတပွေ့တပိုက်နဲ့
ကိုငှက်ကြီးပြောတဲ့
“အမေ့ရဲ့ဒုက္ခအိုးလေး”
အိမ်ပြန်လာပါတော့မယ်….
(လင်းခိုင်)

In: ကဗျာ Posted By: Date: Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment