Professional Authors

သူမ၏ Therapy

 

တန်ဆာပလာတွေမပါတဲ့

အဆောင်အယောင်မဲ့ ချစ်ခြင်းတွေပါ

 

နင်မနေ့   ကပြောသွားခဲ့တဲ့ ပန်းသီးစားပုံပြင်မဟုတ်တော့ဘူး

ခု သူတို့   လဲ အပြစ်က လွတ်သင့်လောက်ပြီလေ

အချစ်ကို အလွဲသုံးစားလုပ်နေတဲ့ လူတွေ

လူတွေ 

လူတွေ(s)

အပြစ်ပေးခံဖို့  စောင့်မနေကြပေမဲ့

အပြစ်ပေး ပေးကြပါ

 

တိုက်စားခံရတိုင်း ပြုန်းတီးမယ်ဆို

လူ့  အဖွဲ့  အစည်းကို ငါမဝင်ချင်ဘူး

သေရာပါ ဒဏ်ရာက မသေစေနိုင်ဘူးဆိုရင်

နင်ငါ့ကို လာမခေါ်နဲ့

နင်အရင် ပြုံးပြပါ

ပြီးမှ ငါ့ကို ပါးရိုက်ပါ

 

နားလည်အောင် စီထားတဲ့စာတွေ

မျက်ရည်မကျယုံတမယ် လုပ်ပြုံးတစ်ခု

မထူးတစ်ထူး အသည်းကွဲကုထုံး

ကျေးဇူးပြုပြီး သူမနှင့် သူ အဆင်ပြေသည်ဟုယူဆပေးပါ။

 

 

ကြက်ခြေခတ်X

11:01 am tue , jan 2013

 

 

 

In: ကဗျာ Posted By: Date: Jan 22, 2013
Comment #1

ကြာကြီးပစ်ထားလို့ မခေါ်ဝူးဗျာ…


အားပေးသွားပါ၏

commentinfo By: အသဲကွဲ မိုး at Jan 22, 2013
Comment #2

ယူဆပေးသွားပါတယ်နော်

သူမနဲ့သူ အဆင်ပြေပါတယ်ပေါ့ ကဗျာလေးဖတ်လို့ကောင်းတယ်

commentinfo By: ရင်ဝှက်ပန်း at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment