ဆူးဝေးမိုးစက်
“ ဆူးဝေးမိုးစက် ”
မဆင်မခြင် တီးခတ်လိုက်တဲ့
ညနေခင်း အသဲကွဲ တေးသွားတခုမှာပဲ
ငါနဲ့ ငါ့အသက်ရှုသံလေး
အောက်ဆီဂျင် တနပ်စာ ဝေးခဲ့ကြပြီ
အမှိုက်တောင်းလေးထဲက
ငါ့မျက်ရည် အစုတ်အပြဲလေးတွေကြား
မင်းနာမည် ပါသွားလား လိုက်ရှာမိသေးရဲ့
နင်သိခဲ့ရဲ့လားကွယ်
ကျောခိုင်းပြီးမှ သံယောဇဉ်ကို ခြစ်ကုတ်
သူငယ်ချင်း ပြန်လုပ်ဖို့ ငါ ကြိုးစားဖူးတယ်
အေးစက်စက် နင့်လက်တွေထဲ
ပွက်ပွက်ဆူ အလွမ်းတွေ ထည့်မပေးတော့ဘူး
နင်မယုံတဲ့ ဒီအလွမ်းတပုံ့ နှစ်ပုံ့ဟာ
လူသိရှင်ကြားဖြစ်ခွင့်မရတဲ့ ငါ့ကမ္ဘာပါပဲ ….
နင့်ရင်ခွင်က
ငါ့တရပ်စာတောင် မလုံမခြုံ
ဒါတောင် အများသုံးဖုန်းရုံလို
နင်က ဝင်လာသမျှ ကြိုချင်သေးတယ်
ရော့ …. ဒီမှာ နင်ပေးတဲ့ တစ်မတ်စေ့
ငါ ရှက်ရှက်နဲ့ မေ့ပြီး ယူထားမိတာ
မကမ်းတော့မဲ့ လက်တဖက်
ခိုးဝှက် … လွမ်းနေရမှာ … နာတယ်
မကြာခင် ငါ အိပ်ပျော်မှာပါ
စပါယ်တပွင့်စာ ကြည်နူးခွင့်ကို ပန်ရင်း
အိပ်မက်လမ်းသွယ်ကို အလင်းနဲ့ ခူးပစ်မယ်
နင်မပါလည်း ငါ့မနက်ခင်း လှတာ ပြချင်သေးရဲ့
မနေ့ကကို သော့ခတ်လိုက်တယ်
ကိုယ့်ကိုကိုယ် စာရွက်လေးလို လိပ်ပြီး ကြိုးချည်တယ်
ခက်ပါရဲ့ နင်ရယ်
မနက်ဖြန်စာလုံးပေါင်းမှာ နင့်နာမည် ပါမလာဘူး
ညီမလေးရေ
ရင်ဘတ်တခြမ်းငွေ့ရည်ဖွဲ့ပြီး ရွာတဲ့ကဗျာပါ
အရိပ်မဲ့ဆူးတွေ မွန်းအောင် သွန်းဖြိုး
သက်တံ့လေး မနိုးတနိုးမှာ
ကဗျာရေချိုးပြီး လမ်းပေါ်ထွက်ကြစို့ …………….
ချီရွန် ( ပုလဲ )
Comment #2
A yann sate nar nay pone g ne.
Kyayk sa yar g.
By: ei lay at Jan 14, 2013
Comment #3
ကျနော့် ခံစားချက်ဆိုလို့ နောက်ဆုံး တပိုဒ်ပဲ ပါပါတယ် အိလေး … ကျန်တာက သူများအတွက် ကျနော် ရေးပေးထားတာပါ။ ကျနော် အသဲကွဲ ကဗျာတွေ မရေးတော့ပါဘူး ( ကျနော်နဲ့ ဆိုင်သော အသဲကွဲခြင်း )။ အခုက ကျနော့် ကဗျာတွေကို အမြဲအားပေးပြီး ဘယ်စာသားက ဘယ်ကဗျာထဲကဆိုတာ သိသော ညီမလေး တစ်ယောက်အတွက် လက်ဆောင် အနေနဲ့ ရေးပေးထားတာပါ။
By: ChIr0N at Jan 14, 2013
Comment #4
Awwaww
🙂
😉
By: ei lay at Jan 14, 2013
Comment #5
ကလောက်ထက်ပါပေတယ်
By: မိုက်ခဲ at Jan 17, 2013
Comment #6
ကလောင်ပြောတာစောရီး
By: မိုက်ခဲ at Jan 17, 2013
Comment #7
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုမိုက်ခဲ …
By: ChIr0N at Jan 17, 2013
Comment #8
နင်သိခဲ့ရဲ့လားကွယ်
ကျောခိုင်းပြီးမှ သံယောဇဉ်ကို ခြစ်ကုတ်
သူငယ်ချင်း ပြန်လုပ်ဖို့ ငါ ကြိုးစားဖူးတယ်
အေးစက်စက် နင့်လက်တွေထဲ
ပွက်ပွက်ဆူ အလွမ်းတွေ ထည့်မပေးတော့ဘူး
နင်မယုံတဲ့ ဒီအလွမ်းတပုံ့ နှစ်ပုံ့ဟာ
လူသိရှင်ကြားဖြစ်ခွင့်မရတဲ့ ငါ့ကမ္ဘာပါပဲ ….
မကြာခင် ငါ အိပ်ပျော်မှာပါ
စပါယ်တပွင့်စာ ကြည်နူးခွင့်ကို ပန်ရင်း
အိပ်မက်လမ်းသွယ်ကို အလင်းနဲ့ ခူးပစ်မယ်
နင်မပါလည်း ငါ့မနက်ခင်း လှတာ ပြချင်သေးရဲ့
သိပ်ကောင်းတယ် အကိုချီ…. ကဗျာလေးတွေတိုင်းမှာ အရေးအသားလေးတွေ သဘောကျရတယ်.. အားကျလျက်ပါ..
နိုးဆက် နေ့
By: နိုးဆက် နေ့ at Jan 18, 2013
Comment #9
ညီလေး နိုးဆက်နေ့ … တကယ်တော့ ဒီကဗျာကို အကိုက အားမရဘူး။ ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်ကို ရေးပေးရတာမို့ သိပ်တော့ အဆင်မပြေလှဘူး။ ဒါပေမဲ့ သိပ်ကောင်းပါတယ်လို့ မှတ်ချက်ပြုသွားတော့ စိတ်ထဲမှာ မတင်မကျဖြစ်သွားတယ်။ တကယ်များလားလို့ 😛
By: ChIr0N at Jan 18, 2013
Comment #10
အင်…. တကယ်ပြောတာပါဗျ… ကဗျာလေးကိုတကယ်ကြိုက်ပါတယ်..
အဆင်မပြေဘူးထင်လို့ သဘောမကျရင် မမန့်ဘဲ နေလိုက်တယ်ဗျ.. အခုမန့်လိုက်တာ နှစ်သက်လို့ပေါ့ဗျာ
ဘယ်သူ့အတွက်ဘဲ ခံစားရေးရေးပေါ့.ကဗျာကောင်းတာက ကောင်းတာပါဘဲ…ဟဲဟဲ… ဟုတ်ဘူးလား
စိတ်ကြီးကိုလည်း မတင်မကျဖြစ်မနေနဲ့ ဆွဲချလိုက်…ဟီး 😛
By: n$n at Jan 18, 2013
Comment #11
အဲအဲ… အသည်းကွဲကဗျာ .( ကျွန်တော်နှင့်ဆိုင်သောအသည်းကွဲခြင်း) တွေကိုဆက်ရေးပါဗျာ.. အဲဒါတွေကမှ အရှင်လတ်လတ်ကြီး ဖတ်ဖတ်မောအောင် ဖတ်လို့ကောင်းတာဗျ…
ခဲတံကျိုးနဲ့ဖြစ်ဖြစ်… ကစဉ့်ကလျားအိပ်ယာလိုမျိုးလေးတွေ ထပ်ရေးပါဗျာ…တောင်းဆိုတာပါ..
လေးစားလျက်
နိုးဆက် နေ့
By: n$n at Jan 18, 2013
Comment #12
တိန် ခက်တော့ ခက်နေပြီရော နောက်ထပ်ရေးရမယ်ဆိုတော့ နောက်ထပ် ရည်းစားနဲ့ ထပ်ကွဲပေးရမဲ့ သဘောပေါ့လေ။ ငါ့နှယ် ရည်းစားတောင် မရှိပါဘူးဆို လာမဲ့ရည်းစားတောင် ကြိုကွဲပေးခိုင်းနေတဲ့သူနဲ့ တွေ့နေပါလား။ 😛
By: ChIr0N at Jan 18, 2013
Comment #13
ကွဲဂျင်ကွဲပစေ… ကဗျာဖတ်ချင်ဒယ်… ဒါဘဲ..သိဒယ်…. ဒါဘဲ 😛
By: n$n at Jan 18, 2013
Comment #14
ဒီမှာ ကွန်မန့် ဖောင်းပွမှုတွေ ဖြစ်တော့မယ် ထင်တယ် ညီလေး။ ဂျီရိပ်က စောင့်နေမယ်။
By: ChIr0N at Jan 18, 2013
Comment #15
နင့် ရင်ခွင်က ငါ့ တရပ်စာတောင် မလုံမခြုံ
ဒါတောင် အများသုံး ဖုန်းရုံလို နင်က ကြိုချင်သေးတယ်
အဲဒီစာသားလေးကို အရမ်းကြိုက်ပါတယ် အကို..
By: ap at Mar 12, 2013
Comment #16
ကျေးဇူးပါ ညီလေး ဖတ်ပေးတဲ့အတွက်ရယ် အားပေးတဲ့အတွက်ရယ်ပါ။
By: ChIr0N at Mar 12, 2013




Comment #1
A hak,,
a hak,,
@__@