Professional Authors

ဖြူစင်ခြင်းအဆိပ်သင့်သူ

လာခဲ့လေ…. ငါလည်းအရိပ်ပါပဲ…

မနေ့ကလို… အရောင်ဖျော့ဆဲ…

အားနည်းဆဲ… နောက်ပြီးတော့

ပြောင်းလဲနေမြဲ….

အကောင်း မကြိုက်ဘူးလို့ငြင်းရဲရင်….

တဆိတ်လွန်လွန်းပြီပေါ့…

စနစ်တကျလဲကျနေတဲ့မိုင်တိုင်နဲ့

အိုဟောင်းနေသော မနက်ခင်းတခုမှာ….

ငါ့ရည်ရွယ်ခဲ့ဖူးတဲ့… သူမအတွက်….

အိပ်မက်လေးတစ်ခုကို… ဖြူစင်ပေးလိုက်မယ်….

အချိန်လွန်သွားရင်တော့… နားလည်ပေးပါကွယ်…

မြည်တွန်နေတဲ့အမှန်တရားတွေကြားမှာမှ….

ဖြူစင်ဖို့တခေါက်လောက်တောင် ငါစွန့်စားဖို့ခက်လွန်းတယ်လေ…

အတိတ်ကိုမေ့လိုက်လည်း… အတိတ်ကအဆိပ်လို

အချိန်ကျရင်… အေးစက်ကိုက်ခဲ…

အသွားအပြန်မလိုအပ်လောက်အောင်

မင်းနဲ့ပတ်သတ်ရင်… ငါ့စိတ်ကတိမ်တွေလိုပေါ့…

နောက်ဆုံးကြည်နူးခွင့်ကို ပြန်တွေးနိုင်ဖို့လောက်တော့

ငါကြံ့ခိုင်နေချင်သေးရဲ့…။

In: ကဗျာ Posted By: Date: Mar 5, 2011
Comment #1

အသွားအပြန်မလိုအပ်လောက်အောင်

မင်းနဲ့ပတ်သတ်ရင်… ငါ့စိတ်ကတိမ်တွေလိုပေါ့…

နောက်ဆုံးကြည်နူးခွင့်ကို ပြန်တွေးနိုင်ဖို့လောက်တော့

ငါကြံ့ခိုင်နေချင်သေးရဲ့…။
အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 6, 2011
Comment #2

အသွားအပြန် မလိုအပ်လောက်အောင်
မင်းနဲ့ ပါတ်သတ်ရင်
ငါ့စိတ်က တိမ်တွေလိုပေါ့…………

commentinfo By: Kathy Moe San at Feb 6, 2012
Comment #3

i like both title & poem

commentinfo By: ei lay at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment