Professional Authors

အဖြေရှာ တိုင်းတာခြင်း


အဖြေရှာ တိုင်းတာခြင်း


ကိုယ်ထူ ကိုယ်ထ စနစ်နဲ့

တိုးတက်ရေးကို ဦးစားပေးခဲ့

ပစ်ချင်သလို ပစ် လက်သည် မသိ

အဖြူ အမည်း မကွဲသေးတဲ့

ခဲတစ်လုံးက ဦးတည်ချက် နံရံကို

ပစ်ပေါက်လို့ မပျက်စီးနိုင်ပေမဲ့

ယုံကြည်မှု မှန်တံခါးကို ပစ်ပေါက်မိရင်တော့

ပျက်စီးသွားမှာ အမှန်တကယ်ပါပဲ…။

 

တကယ် အရေးကြီးသည့် ကဏ္ဍတွေကို

နောင်တတွေနဲ့ နောက်မကျခင် တွေးပါ..

တကယ် သေးငယ်တယ်လို့ ထင်ထားတဲ့

အမှတ်မထားတဲ့ အရာတစ်ခုဟာ

ယုံကြည်မှုတံတိုင်း ပြိုလဲမှ သိတယ်ဆိုရင်…။

 

မှတ်သားစရာ…

ရင်ခွင်တံခါးဖွင့်လို့ သိမ်းထားပေးပါ…

တင်းကျပ်လွန်းတဲ့ မာနနဲ့ နေထိုင်ခြင်းဆိုတာ

ရက်ချိန်း အတိအကျ သက်မှတ်ထားလို့

အလွယ်ရတာ မဟုတ်ပါဘူး….။

 

သက်မှတ်ချက် အပူလှိုင်း ရေဆူမှတ်တိုင်

တစ်ခုလည်း မဟုတ်ပါဘူး…။

 

ဒါကြောင့် တဖက်က တုံ့ပြန်လောက်တဲ့

အတိုင်းအတာနဲ့ တန်းတူဖြစ်သွားအောင်

ကိုယ့် မာနတွေကို လိုအပ်လျှင် သုညအထိ

လျော့ချလိုက်တာ ကောင်းပါတယ်…။ 

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment