Professional Authors

အချစ်၏ အငှားစကားလုံး

ကိုယ်က သူ့ကို ထားခဲ့တော့ သူ့အတွက် ပူပန်ရပါတယ်။

သူက ကိုယ့်ကို ထားခဲ့တော့ ကိုယ့်အတွက်ပဲ ကိုယ်ပူပန်ရပါတယ်။

 

ကမ်းကပ်အလွမ်းတွေက 

အချစ်တစ်ခုဆီ သန္ဓေတည်ကြတယ်။

ကမ်းမဲ့အလွမ်းတွေက 

အချစ်တစ်ခုကြောင့် ပေါက်ဖွားကြတယ်။

နားမလည်သေးတာက…

ချစ်တတ်ခြင်း က ဝဋ်ခံရခြင်း ရဲ့ အငှားစကားလုံးတစ်ခုလား ဆိုတာရယ်ပါ။

 

ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့ 

သူစိမ်းဆန်ဆုံး ချစ်သူတွေ ဖြစ်ကြဖို့ လွယ်ပါတယ်…

မချစ်တော့ဘူး ဆိုတဲ့ စကားတစ်ခွန်းနဲ့လဲ 

အရင်းနှီးဆုံး သူစိမ်းတွေ ဖြစ်သွားကြဖို့ လွယ်ပါတယ်…

 

အချစ်က အလွမ်းကို မွေးဖွားပေးပေမယ့်၊ 

အလွမ်းကြောင့် အချစ်တွေ သေဆုံးပေးရတယ်လေ။ 

ဘာရယ်လို့ပဲဖြစ်ဖြစ်… 

တစ်ကမ္ဘာလုံး တစ်ဘာသာစကားပဲသုံးရင် သိပ်ကောင်းမှာပဲနော်။

In: ကဗျာ Posted By: Date: Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment