Professional Authors

မင်စက် စစ်သည်တော်

“မင်စက် စစ်သည်တော်”

ငါ့ ဖောင်တိန် ငါကိုင်
ငါ့ နှလုံးသား ငါသုံး
ငါ့ ကဗျာ ငါရေး
ဘယ်ခရီးရောက်ရောက် …
ငါ တည်ဆောက်တဲ့ ငါ့ကမ္ဘာ …
ဘယ်မျက်နှာမှ ငါ မထောက်ထား …
ခံစားမှုတွေ ပေါက်ဖွားပစ်မယ် …

ကြောက်လား ဟောက်စားမဟုတ်ဘူး
ကလောင် လက်နက်
ဓါးသွားထက် မြတ်နိုး
ငါ တန်ဖိုးထား ဖက်တွယ်
ကြမ်းထမ်းမှုတွေကို ဖြိုဖျက်
ရသတွေနဲ့ တင်ဆက် …။..။

စိတ်ကူး အရောင်လက်
စကားလုံးတွေ ကခုန်
ငါ့ကဗျာ စာစုတွေ လှပ
ဒါ ကဗျာရေးသူ ငါ့ဘ၀ ..။..။

လူသစ်

In: ကဗျာ Posted By: Date: Jan 7, 2013
Comment #1

………………… ……

commentinfo By: sofarawayfromyou at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment