Professional Authors

အဟောင်းကို တွေး ၊အသစ်ရေးစို့

အဟောင်းကို တွေး ၊အသစ်ရေးစို့

လူးလွန့်ရုန်းထ၊ဘ၀ဟောင်းမှ
ရှေ့တွင်လှမ်းမြင်၊လမ်းသစ်ထွင်လို့
ယုံကြည့်ခြင်းဖြင့်၊ခွန်အားဆက်လျှက်
နှစ် နှစ်ဆယ်ကျော်၊စဉ်ကြွေးကြော်သည့်
ပန်တိုင်လမ်းကို၊ဆွဲကိုင်လှမ်းပြီး
အနာဂါတ်တွင်၊ဖြောင်ြ့ဖူးဖို့ ရေး
အစဉ်တွေးလို့၊ လူ့ခွင့်လူ့ရေး
အများတန်းတူ၊ ဖြစ်စေညီလို့
 နိုင်ငံသစ်သို့၊ တစ်ဖြစ်ထွန်းကား
ယခင်အတိတ်၊ မှောင်မိုက်ဆိုးဝါး
အဖြစ်ဆိုးအား၊ မမေ့မပျောက်
နှောင်မရောက်အောင်၊ ရှေးရှုဆောင်လို့
သွေးနဲ့ချွေးရင်း၊ ခင်းသည့်လမ်းတွင်
ညီနောင်များနှင့်၊ လက်တွဲယှက်ရင်း
စိတ်ချင်းညီရင်း၊ ဖေးကူရင်းနဲ့
ဘ၀အဖြေ၊ ရှာဖွေညှိရင်း
နိုင်ငံမြှင့်ရင်း၊ လူမျိုးတင့်ဖို့
အယူလွဲများ၊ ဆွဲကိုင်မဆောင်
လှပသောလမ်း၊ စဉ်လျှောက်လှမ်းရန်
အပျက်ဟောင်းများ၊ အကောင်းသို့ပြင်
စိတ်ကောင်းမွေးကာ၊ တွေးသစ်ဖြာလျှက်
လက်ချင်းယှက်ရင်း၊ ညီနောင်ရင်းတို့
ုငြိမ်းချမ်းခြင်းယူ၊ အတွေးတူကာ
လှပသောမြေ၊ တို့ တိုင်းပြည်အား
အာရှမက၊ ကမ္ဘာကပါ
အံသြငေးအောင်၊ တို့စွမ်းဆောင်စို့
ညီနောင်များတို့၊ စိတ်ကူမထွေ
စိတ်မလေပဲ၊ တို့များတတွေ
အဟောင်းကို တွေး ၊အသစ်ရေးစို့………………….။

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

🙂

commentinfo By: ei lay at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment