Professional Authors

စစ်……အချစ်- ကဗျာချစ်သူ(ဘုတလင်)

*ကသည်းမလေးအဆောင်း

  ချစ်သူခေါ်ရာလိုက်ခဲ့စဉ်ဝယ်..

  ချစ်သူနှစ်ဦးရဲ့ကံကြမ္မာ

 ဖန်လာသည်က..

 အဆောင်းရဲ့လူမျိုး အဆောင်းရဲ့အဖေ

ပြန်လိုက်ခဲ့ပါသမီးရယ်တဲ့..

*အစ်ကို..အဆောင်းဘာလုပ်ရမှာလဲ

 ဘာကိုရွေးချယ်ရမှာလဲ…

 မျှော်လင့်ချက်မျက်ဝန်းတွေနဲ့မကြည့်ပါနဲ့အစ်ကိုရယ်

 အစ်ကို့ကိုချစ်လို့အဆောင်းလိုက်ခဲ့တယ်လေ…

 အစ်ကိုကသာ အဆောင်းကိုဟိုအဝေးထိခေါ်မသွားနိုင်တာပါ

  အဆောင်းကိုပြန်ခေါ်နေပြီလေ

  အဆောင်းပြန်လိုက်သွားရတော့မယ်

  အဆောင်းတို့လူမျိုးတွေအကြောင်း အစ်ကိုမသိပါဘူး

  မျိုးမတူလူမျိုးကွဲကိုယူရင်

  နတ်မင်းကြီးကြိန်စာသင့်မှာစိုးသတဲ့

  ဒီစည်းကိုဖောက်ဖျက်ခဲ့ရင်

 ခန္ဓာပေးပြီးစတေးရသတဲ့

 အဆောင်းရဲ့ဘ၀ကိုအစ်ကိုလည်းမကယ်နိုင်ဘူး

 တပ်မှုးကြီးလဲမကယ်နိုင်ဘူး

 ပြီးတော့အဆောင်းရဲ့အဖေ

အဆောင်းမှာအားကိုးရာမရှိတော့ဘူးအစ်ကို

အစ်ကိုနှင့်အဆောင်းဒီဘ၀ဒီမျှနှင့်ပဲအဆုံးသတ်ကြပါစို့

နောင်ဘ၀ဆိုတာရှိခဲ့ရင်အဆောင်းဆုတောင်းချင်ပါတယ်

ချစ်တဲ့သူနဲ့ပေါင်းရပါစေလို့

မငိုပါနဲ့တော့အစ်ကိုရယ် အဆောင်းအတွက်မငိုပါနဲ့

အဆောင်းသွားတော့မယ်နော်..

ဒီစစ်ပွဲမှာအစ်ကိုတို့အနိုင်ရလိုက်ပေမဲ့

အချစ်တစ်ပွဲမှာရှုံးနိမ့်သွားတယ်လို့မှတ်လိုက်ပါ

အဆောင်းတစ်ယောက်

ချစ်သူရဲ့ရင်ခွင်ကြားက

လေးလံစွာလျောဆင်းပြိး

ချစ်သူနှင့်ဝေးရာ

သူတို့ဌာနေဆီသို့  လိုက်ပါသွားလေတော့သတည်း…။

 

connection ကျသွား၍ခေါင်းစဉ်နှစ်ခုထပ်သွားသည့်အတွက်  အစားထိုးရေးသားပါသည်။

 

 

In: ကဗျာ Posted By: Date: Jan 19, 2013
Comment #1

connection ကြောင့်ခေါင်းစဉ်နှစ်ခုဖြစ်သွားသောကြောင့် အစားထိုးရေးသည့်အတွက်ခွင့်လွတ်ပါ။

commentinfo By: kyawnainglin174 at Jan 19, 2013
Comment #2

🙁

commentinfo By: ei lay at Jan 19, 2013
Comment #3

A yuu ma g dot.
gout gout

commentinfo By: ei lay at Jan 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment