Professional Authors

ရည်းစားစကား…-ကဗျာချစ်သူ(ဘုတလင်)

*ပန်းကလေးတွေ ရနံ့သင်းတော့
   ပန်တိုင်းမွေးကြတယ်…
*စမ်းကလေးတွေ ကြည်လင်အေးတော့
  မြင်တိုင်းအေးမြတယ်…
*အရွယ်လေးငယ် လှသွေးကြွယ်တော့
  လူတိုင်းငေးကြတယ်…
*မန်ကြီးပင်ခွကြားကောက်ရိုးထား
  ငါ့နွားဘယ်သို့စားပါ့မယ်…
*ချစ်တဲ့ရည်းစားနောက်ကထား
  စကားဘယ်သို့ပြောရမယ်..
*ရနံ့ကြွယ်ပန်း ကြည်လင်စမ်းလို
  နှမငယ်သွေး အလှလေးမို့
  မောင်ကြီးချစ်မိတယ်။

ကဗျာချစ်သူ
[email protected]

In: ကဗျာ Posted By: Date: Dec 30, 2012
Comment #1

မလှရင် မချစ်ဖူးပေါ့နော်
နောက်တာပါ
ကဗျာလေးက ချစ်ဖို့တော်တော်ကောင်းပါတယ်ရှင့်

commentinfo By: မေပျို at Dec 31, 2012
Comment #2

မလှရင် နဲ့ မချစ်ဖူး တို့က မေပျိုအမျိုးတွေလားဟင်….

commentinfo By: kyawnainglin174 at Jan 1, 2013
Comment #3

😀
😀

commentinfo By: ei lay at Jan 1, 2013
Comment #4

ရိုးရိုးဆန်းဆန်းကြီးနော်.. 🙂 ကဗျာလေးက.. cute..

commentinfo By: Yoon Thae Phyu at Jan 1, 2013
Comment #5

ချစ်တဲစကားနောက်ကထားမနေနဲ့ ကျန်ခဲ့လိမ်မယ်

commentinfo By: shinelalin at May 16, 2013
Comment #6

ချစ်တဲ့စကားရှေ့ကထား အပေါစားကြီး ထင်လိမ့်မယ်.. :'(

commentinfo By: အသဲကွဲမိုး at May 16, 2013
Comment #7

နောက်ကထားတဲ့ shinelalin နဲ့ ရှေ့ကထားတဲ့ အသဲကွဲမိုး တို့ကို တူနှစ်ဖြာ…

commentinfo By: kyawnainglin174 at May 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment