Professional Authors

ဗြောင်းတိနဲ့ဗြောင်းပြန်-ကဗျာချစ်သူ(ဘုတလင်)

*ဗြောင်းတိနဲ့ဗြောင်းပြန် တို့မြန်မာအရေးကိုတဲ့ရေးလိုက်ရပြန်

  ပြည်သူနှင့်ဘုရင် ကိုယ့်ဘုရင်ကိုယ့်အရှင်ရယ်လို့

  ဦးမချကြချင်။

*ဘုရင်လုပ်သမျှအကောင်းမမြင် ထုတ်ဖော်ကာသူပြော

  စီတန်းလို့ကြွေးကြော်ပြန်သည် မထင်ရင်အော်ဆဲ

  လုပ်ရဲရင်လုပ်ကြည့် ကမ္ဘာသိအောင်ကြွေးကြော်မယ်

  အကဲပိုတာသူတို့။

*ကမ္ဘာသူကမ္ဘာသားတို့က မြန်မာဘုရင်ကိုအထင်သေးကြတော့

  တို့ဘုရင်အရှင်များမှာ မျက်နှာကငယ်

  မချိသလိုအကြည့်မျိုးနှင့် ကြည့်တဲ့သူ့ဟန်

  သနားစရာသိပ်ကောင်း။

*ဘုရင်ကိုပြစ်ပယ်ကာ မဟုတ်အောင်ပြောကြလေတော့

  တခြားနိုင်ငံသားတို့က မြန်မာဆိုရင်အထင်သေးကြတယ်

  ကိုယ့်ပေါင်ကိုကိုယ်လှန်ထောင်းသလို

  ဖြစ်နေကြပြန်။

*ဖြစ်သင့်တဲ့အရာတွေကို ထုတ်ဖော်ကာပြောရရင်တော့

  စာပေဟော၊လူရွှင်တော်၊ ပြည်ကျော်သူအပေါင်းရယ်က

  ပြည်သူတွေဂုဏ်သရေတက်အောင် ကောင်းတာကိုသွန်သင်ပြော

  ဟောကြစေချင်။

*ဤခေတ်နဲ့ဤအခါ ဤလိုသာနေကြရင်

  တို့ဘုရင်အရှင်များကို သနားလိုက်ပါဘိ။

 

နိုင်ငံရေး၊လူမှုရေး၊စီးပွါးရေး ဘယ်ရှုထောင့်ကမှမကြည့်ပဲ ကိုယ့်ဘုရင်ကိုယ့်အရှင်များကိုလေးစားစေချင်လို့ပါ။

ဖြစ်ပြီးသော၊ဖြစ်နေသော၊ဖြစ်လာမည့် မြန်မာမင်းအပေါင်းအား ဦးချလျှက်။

 

ကဗျာချစ်သူ။

[email protected]

 

 

In: ကဗျာ Posted By: Date: Dec 20, 2012
Comment #1

Nice

commentinfo By: ei lay at Dec 20, 2012
Comment #2

မြန်မာကို မြန်မာမှမချစ်ရင် ဘယ်သူကချစ်မှာလဲ.. ကျမတို့မြန်မာတွေ နိုးကြားသင့်လာပြီရှင့် ဟုတ်တယ် ဒီကဗျာကိုဖတ်ပြီး တွေးမိတာလေးတွေရှိလာတယ် ကောင်းတယ်ရှင့်

commentinfo By: မေပျို at Dec 20, 2012
Comment #3

Good idea.

commentinfo By: kyawnainglin174 at Dec 20, 2012
Comment #4

ဟုတ်ပါ့ အခုခေတ်မြန်မာတွေစိတ်ဓာတ်ကိုမကြိုက်တာက အတင်းပြောဖို့ သူတစ်ပါးကို ပုပ်ချဖို့ လောက်ပဲ
တိုင်းတစ်ပါးကိုပဲအထင်ကြီးနေကြတယ် နည်းနည်းလေးမမှားလိုက်နဲ့သည်းခံမယ်မရှိဘူး ပြောဖို့ လောက်ပဲ ပုံကြီးချဲ့ ဖို့ လောက်ပဲ
အားပေးသွားပါတယ် အစ်ကို

commentinfo By: loafer at Dec 20, 2012
Comment #5

Brilliant ~~

With respect,
RAY

commentinfo By: X - ray at Dec 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment