Professional Authors

လမ်းဆုံး

ကျကျနနတွေးကြည့်လိုက်တော့ ခခယယဖြစ်နေရတဲ့မရေရာခြင်းများစွာဟာ
တသသနဲ့ရယ်ပေါ့……လှလှပပလေးနဲ့ကျွမ်းလောင်သွားတဲ့နှလုံးသား
ဒီဆောင်းအကုန်မှာ ငါကိုယ်တိုင်မြုပ်နှံလိုက်မယ်ကွယ်
တခမ်းတနားဆိုဖွဲ့ လွမ်းဖွယ့်အကြောင်းတွေသီကြူး အသံစုံချင်လည်းစုံနိုင်ပါတယ်
အမှန်ဆိုတာမကုန်နိုင်ပေမယ့် အပြန်ဆုံနိုင်ဖို့တော့ခဲယဉ်းနေဆဲ့
ငါ အသံကုန်ဟစ်လိုက်မယ် ပြန်မဆုံဖြစ်ခဲ့ရင် ကံကုန်ရစ်ခဲ့ပြီလို့ပေါ့
အလွှာစုံဆိုပေမယ့် အညှာမကုန်သေးတဲ့အသီးတွေလို တိုးလို့တန်းလန်း အိုးတို့အန်းတန်း
အို…. အပျိုချမ်းချစ်သခင်ရယ် ….အကိုနမ်းချစ်ချင်တယ်ဆိုစမ်း ..ဆိုစမ်းပါကွယ် တဲ့
ခေတ်ဟောင်းသီချင်းထဲက အဆစ်တောင်းခြင်းများစွာလို ငါတို့အသစ် အဟောင်းဘာလို့ကွဲနေရမှာလဲ
အဟောင်းနဲ့အသစ်ပေါင်းစပ်ဖြစ်ရင်ကောင်းတဲ့အသစ်တွေဟာ ငါတို့ကမ္ဘာသစ်ကိုအလှဆင်လိမ့်မယ်
ထောင့်တွေပြောင်းရင်အသစ်ဆိုတာအဟောင်း အဟောင်းဆိုတာအသစ် ခံစားတတ်ဖို့ပဲလိုပါတယခေတ်အဆက်ဆက်အချစ်အတွက်နဲ့ပေးဆပ်ခဲ့သူများ အဖြစ်အပျက်စုံသွားစေဖို့
ငါ့ရဲ့ ရာဇ၀င်မျောကိုဇာတ်စုံဖွင့်လိုက်မယ် အလွမ်းများဖြင့်တောက်ပစေ
ပန်းပိတောက်နဲ့ခရေဖူး လမ်းတလျှောက်ဝယ်စုံမဖူးပါဘူး သူ့အလှည့်နှင့်သူ
မြင်မြင်ရာလမ်းတလျှောက်မှာ အလင်္ကာတွေကောက်ခါဖူးလို ကဗျာပန်းတွေရင်မှာသီ
လှမ်းဝင့်လို့ရင်ကိုချီ စုံညီညီတူကာလှမ်း လွမ်းသင့်ပန်းချီ
ဘ၀စုတ်ချက်ကြမ်းတွေနဲ့ အလှဒဏ်သင့်ပန်းတွေလို အချိန်မသင့်မှီချွေခံရ
ဒါ နွေဘ၀တွေလို့ဆိုလိုဆို အနေမလှလေတဲ့ သပြေညိုကို ငါတို့ ဒီဇင်ဘာလတွေမှာဆုံးရှုံးခဲ့ရ
ရွှင်ရွှင်လန်းလန်းပါပဲလေ ပင်ပန်းတယ်ဆိုပေမယ့် အချစ်စခန်းဝယ်တူကာမျှလို့
ဒီလမ်းမှာတို့တတွေဆုံးရတယ် ညှိုးကာထစ်ချုန်း                     

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment