Professional Authors

မူလတန်းဖတ်စာ


ညအခါ လသာသာမှာ
ကျွန်တော်တို့ခမျာ….
ကစားလည်းမကစားနိုင်
နားလည်းမနားနိုင်။

လက်စုံမနွှဲနိုင်တော့တဲ့
မိသားစုထမင်းပွဲလေးမှာ
စံပယ်တွေလည်း မမွှေးမြနိုင်သေးပါ။

အမိုးမလုံတဲ့ခေါင်အတွက်
မိုးခေါင်နေတာကလည်း အဓိကပြဿနာ
ဝလုံးမရေးတတ်တော့တဲ့ မမလေးရယ်
လက်ခုတ်တီးသူမရှိဘဲ ကနေရတဲ့ မမကြီးရယ်
သပြေတွေ အကြိမ်ကြိမ်ညိုပေမယ့်
အောင်ပွဲ မကြိုကြရတာကြာပါပြီ။

‘မေမေရေ…ဖေဖေဘယ်မှာလဲ’
အဲ့သလိုအဖြေမရှိတဲ့မေးခွန်းတွေနဲ့
မူလတန်းဖတ်စာလေးလည်းဟောင်းပေါ့။

ညအခါ လသာသာမှာ
ကစားလည်း ကစားချင်
နားလည်း နားချင်
ထမင်းဝိုင်းလေးမှာလည်း လက်စုံစားချင်
မေမေရေ…
ဟိုဘက်ကမ်းက မီးထိန်ထိန်လေး
ခဏ ယူပေးပါ။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

So sweet
So cute

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment