Professional Authors

ခွင့်


ချစ်သူ
အခု မင်းဖတ်လိုက်မှ
ဒီကဗျာက ရနံ့တွေဝေလာတာပါ။
ဒါ ငါ့ရဲ့ နည်းပညာစစ်စစ်ပေါ့။

ဘ၀ကို အချစ်နဲ့ပုံဖော် ထုဆစ်ရာမှာ
ခိုင်မာကျစ်လစ်တဲ့ သစ္စာစစ်စစ်တွေလိုတယ်မို့လား။
ဒီမှာကွယ်..
ငါ့အသည်းဖြူဖြူနဲ့
ချစ်သူအတွက် ယက်လုပ်ထားတဲ့ အင်္ကျီ
မင်းနဲ့လိုက်ဖက်မယ်လို့ယုံကြည်တယ်
မင်း စိတ်ကြိုက်အသုံးပြုတော်မူပါကွယ်

ရန်သူနဲ့ယှဉ်ရင် ဓားတစ်စင်း
ဆူးခင်းလမ်းကိုနင်းရင် ဖိနပ်တစ်ရံ
ကောင်းကင်မှာပျံရင် အတောင်ပံတစ်စုံ
ရေစုန်ကိုဆန်ရင် လှေတစ်စင်း
နေမင်းကပူရင် ထီးတစ်လက်
ခရီးတစ်ဝက်မှာမောရင် ရေကြည်တစ်ပေါက်
အဲသလောက် ပေးဆပ်ရရင်ပဲ ငါကျေနပ်တယ်
မင်း နေတတ်သလိုနေပါ ချစ်သူ
ငါလည်း ချစ်တတ်သလို ချစ်မယ်။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Oh my god
A yann ko laee sarr arr kya mi par de.

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment