Professional Authors

နားလည်မှု


တစ်ယောက်လက်ကို တစ်ယောက်ကိုင်
မျက်နှာချင်းဆိုင် ဝေးနေရတာထက်
ဘယ်ဒဏ်ရာက သွေးပိုထွက်နိုင်ပါသလဲ။

အသိမ်းအနုတ် မြန်ဆန်တဲ့
မျက်ရည်နောက်ခံနဲ့ အမဲ့ အပြုံးက
သစ္စာတော်ဘွဲ့တီးလုံး…လိုသတဲ့။

`သွားတော့ကွယ်´…ဆိုတဲ့ အချစ်နဲ့
သံယောဇဉ်တစ်ဆစ်စာတောင်မရွေ့တဲ့ ခြေလှမ်း
ချစ်သူကိုမလွမ်းဘဲ ပွင့်သမျှပန်း
ဘယ်မှာခမ်းနားနိုင်ပါ့မလဲ။

အလင်းတစ်သောင်းအားရှိတဲ့
မျဉ်းတစ်ကြောင်းမှာ အတူရပ်လည်း
အပူဟပ်ထားတဲ့ ကွက်လပ်နဲ့ဆို
အမှောင်က ပိုသထက်ပိုမှာပဲ။

နှလုံးသားတစ်ရပ်စာ ကွက်လပ်မှာ
ကျောချင်းကပ် ရင်ချင်းအပ်ဖို့
အသက်ဓာတ်အပြည့်ပါတဲ့ လက်တစ်ဖက်ဆို
အရာရာထက်ပို ပြည့်စုံပြီ။

In: ကဗျာ Posted By: Date: Dec 25, 2012
Comment #1

r larr larr
Talkies tway a yann mike de naw.

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment