Professional Authors

နောက်ဘ၀မှာ ကိုယ့်ကဗျာတစ်ပုဒ်ကို ကြိုက်မိရပါစေသား

 

 

 

ကဗျာ ဆရာတစ်ယောက်ရဲ့ နှလုံးသားကို

ရွှေ ဘယ်လောက်သားနဲ့ဘဲ ဖြစ်ဖြစ်

ဝယ်ဖို့ အသင့်ရှိတယ်..။

ဒါပေမဲ့

ဝယ်နိုင်ဖို့ အခွင့်မရှိခဲ့ဘူး…။

 

ကဗျာဆရာ…

သူတို့မှာ ဘာတွေရှိသလဲ…

မသိဘူး..

ဒါပေမဲ့

သူတို့မှာ ရှိတာတွေကိုဘဲ မြတ်နိုးစွာ တောင့်တမိတယ်..။

 

ဒီခေတ်မှာ လူသားဖြစ်တာကို

ကဗျာ ဖတ်ဖို့ တစ်ခုနဲ့တင် ကျေနပ်တယ်…

သူငယ်ချင်း အကြောင်း….

အချစ်အကြောင်း……

မေတ္တာ အကြောင်း….

နာကျင်မှု အကြောင်း…..

ကိုယ်မရခဲ့တဲ့ ပါရမီတွေကို

သူတို့ ခေါင်းစဉ်တွေနဲ့ တည်ဆောက်ခဲ့ကြ..

 

ကဗျာ….

ကိုယ့်အတွက် အချိုဆုံး ခေါင်းလောင်းသံ..

ကဗျာတစ်ပုဒ် ရင်ကို နုတ်လိုက်တာနဲ့

ဘယ်သူ့ကို မဆို ဆရာခေါ်ပစ်ရဲတယ်

လေးစားပါတယ် လို့ ပြောရဲတယ်

ကောင်းတာကို ကောင်းတယ်ပြောဖို့

သတ္တိ ကိုတော့ ရရှိခဲ့..

 

ဆရာများ…

သင်…မြင်….ကြား…. အားလုံးကို လေးစားသူ

လောက ကို အယူခံဝင်ဖို့..

ကိုယ့် သွေးကိုဖောက်ထုတ်ထားခဲ့…

တိုင်တည် စကားတစ်ခွန်းတည်း

ကဗျာများ အဓွန့်ရှည်ပါစေ..။

 

သူတို့ကဗျာတွေကို အရမ်းကြိုက်တာဘဲ……။။

ခြေခြေမြစ်မြစ်…နှစ်နှစ်ကာကာ..

ကျွန်တော်ကတော့

မရခဲ့ဘူး….

ဖေဖေက မပေးခဲ့ဘူး

မေမေက မပေးခဲ့ဘူး

ဘုရားရှင်က မပေးခဲ့ဘူး

ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပစ်နိုင်မဲ့

(ဟန်ဆောင်မှုမပါဘဲ ကြိုက်တဲ့)

ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်…မျှ.။

ဘာမှ မရှိ ..

နထ္ထိ..။

 

 

ကဗျာဆရာတစ်ယောက်ရဲ့ နှလုံးသားကို

ဒီဘ၀တော့ ၀ယ်နိုင်မယ်မထင်ဘူး…

နောက်တစ်ဘ၀ လူပြန်ရမှ

ကိုယ့်ကဗျာကိုပြန်ဖတ်.. ကျေနပ်ပစ်ပါရစေသား…

(ဟန်ဆောင်မှု မပါဘဲ)

ကျေနပ်ပစ်ရ ပါစေသား……။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Dec 21, 2012
Comment #1

ဒီခေတ်မှာ လူသားဖြစ်တာကို
ကဗျာ ဖတ်ဖို့ တစ်ခုနဲ့တင် ကျေနပ်တယ်…
တယ်လာတဲ့စာသားပါလားဗျာ
ကဗျာလေး ဖတ်သွားတယ်ဗျ ~~

With respect,
RAY

commentinfo By: X - ray at Dec 21, 2012
Comment #2

!!@@ nice @@!!

commentinfo By: satanzone at Dec 21, 2012
Comment #3

မိုက်တယ် .. ကျေနပ်သင့်ပါပြီနော် ကိုနိုးဆက်နေ့ရေ … ကဗျာဖတ်ရတာနှင့် စိတ်ကိုကြည်မွေ့လာမှတော့ ဒါကဗျာဆရာရဲ့ နှလုံးသားအစစ်အမှန်မဟုတ်ရင် ဘာဖြစ်ဦးမှာလဲရှင့် … ဒီကဗျာဆရာကတော့ ကဗျာအကြောင်း ကဗျာရေးချလိုက်ပြန်ပြီနော် …

commentinfo By: မေပျို at Dec 21, 2012
Comment #4

ကဗျာဆရာကတော့ ကဗျာအကြောင်း ကဗျာတစ်ပုဒ်ရေးချလိုက်ပြန်ပေါ့လား

commentinfo By: မေပျို at Dec 21, 2012
Comment #5

ဒီကဗျာလေးက အတော်ကောင်းတယ်လေ။ ဘာဖြစ်လို့နောက်ဘ၀မှကျေနပ်ချင်တာလဲ။မပြောကောင်းမဆိုကောင်း။အခုပဲကျေနပ်လိုက်တော့။

commentinfo By: kyawnainglin174 at Dec 21, 2012
Comment #6

good…..nice..ပဲဗျာ

commentinfo By: poem.poem28 at Dec 21, 2012
Comment #7

အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျ…

လေးစားလျက်
နိုးဆက် နေ့

commentinfo By: 13th at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment