Professional Authors

အသည်းကွဲ ခဲ့တယ်လေ……………….

အသည်းကွဲ ခဲ့တယ်လေ……………….။

မငြင်းပါဘူး
ပြန်မချေပနိုင်ခဲ့ဘူး
တစ်ဖက်သတ် အနိုင်
ဘယ်သူမှ မပေးခိုင်းခဲ့
ကိုယ့်ဘာသာပေးတဲ့အရှုံး
သူမ နဲ့ကျွန်တော်အကြားလေ……….။
မပြောပဲနဲ့
ကြားတဲ့စကား
နားထဲတိုးတိုးလေးဝင်
ရင်ဝကိုစုံကန်
ခြေထောက် မလိုခဲ့
စကားကလေးတခွန်းသာ
ကွမ်းတရာ၊ရေတမုတ်
ငါ့ကို ဘယ်သူသတ်မလဲ
ရင်ကို ကော့
အသက်ကို
စတေးရန်အဆင်သင့်
ချစ်လွန်းလို့ ဖွဲ့ဆို
သီချင်းသံတစ်ချို့
ဂစ်တာကြိုးပြတ်လို့
အသက်မဲ့လေပြီ
ဆောင်းတွင်းရဲ့
အချမ်းဒဏ်ရယ်
အသည်းကွဲတဲ့ဝေဒနာ
တစ်ခုနဲ့ တစ်ခုအဖော်ပြု
ကျွန်တော့်ကို
လှောင်ရယ်နေကြသလို
လွမ်းလှချေရဲ့လို့
အော်မိသေးသည်
မည်သူမှ အသိအမှတ်မပြု
ကိုယ့်ကိုကိုယ်နှုတ်ပိတ်
ကျွန်တော် တိတ်တဆိတ်
ထွက်လာခဲ့တယ်
အဲ့ဒီ အသည်းကွဲ တဲ့ညကတော့
ကျွန်တော့်အတွက် ပိုမှောင်နေခဲ့တယ်လေ…………..။

In: ကဗျာ Posted By: Date: Dec 13, 2012
Comment #1

!_!
!_!
!_!

commentinfo By: ei lay at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment