Professional Authors

ဒဏ်ရာရနှလုံးသားနဲ့ ခေတ်ကြီးကို စစ်မကြေငြာရဲခဲ့သူ တစ်ယောက်အကြောင်း..-သီဟန်စိုး

 

 

 

ရှောင်ပုန်းပါရစေ…

ကောက်သော လမ်းများ နောက်မှာကျန်ရစ်စေ..။

 

လူကြောက်တစ်ယောက်

ကဗျာတချို့ကိုထမ်း

ဓါးလှံတွေကို နမ်းဘူးတယ်။။

 

ကွယ်သောနေ..

အဝေမတဲ့..ချို့ငဲ့ငဲ့လူတွေကြား

အာလူးကောက်သူများမှာ.

နာမည်စာရင်း ၀င်ခဲ့ဘူးတယ်..။

 

တောင်လေတိုက်တယ်

အိမ်ကို ရှာမတွေ့ဘူး

ဆယ့်ရှစ်နှစ်သားမှာ

ရင်ခွင်ပျောက်ဘူးခဲ့ပြီ မေမေ..

 

သားရဲ့ ကဗျာတွေကို

သေနတ်ပြောင်းတွေနဲ့ ဟန့်တား

သံတိုင်ကြားကို ပြန်မသွားပါရစေနဲ့..

ကိုမင်းကိုနိုင် ကဗျာလို

မှော်ဆရာတစ်ယောက်လက်ထဲက ဖော့တုံးကို

ဖျောက်ပြမှန်းသိသိနဲ့

သား ကြည့်နေတော့မယ်..။

 

သစ်ပင်သေဂီတဟာ

မေမေ့အတွက် ရည်ရွယ်ရာ မဖြစ်စေချင်ဘူးမေမေ

အပွင့်ကို လိုချင်လို့

တစ်ပင်လုံးအခုတ်မခံရပါစေနဲ့.

သား လူကြောက်

မေမေ့ရှေ့မှောက် ပြန်ရောက်ပါပြီ..

 

ရှောင်ပုန်းပါရစေ..

ကောက်သော လမ်းများ နောက်မှာကျန်ရစ်စေ…။

 

သီဟန်စိုး

In: ကဗျာ Posted By: Date: Dec 4, 2012
Comment #1

သစ်ပင်သေဂီတကို အကြိုက်ချင်းတူတဲ့ သူငယ်ချင်းရဲ့ ကဗျာကို တင်လိုက်ပါတယ်..

နိုးဆက် နေ့

commentinfo By: 13th at Dec 4, 2012
Comment #2

ကြိုက်ပါတယ် .. သစ်ပင်သေဂီတ ကဗျာကိုပေါ့ .. အခုလိုဖတ်ရတာ လည်း ကောင်းပါတယ်

commentinfo By: မေပျို at Dec 4, 2012
Comment #3

ပထမဆုံးဖတ်မိတဲ့ တစ်ပုဒ်ပါပဲ
စကားလုံးတွေကစားထား သတိထားမိတယ်
ကြိုက်လည်းကြိုက်တယ်
အားပေးသွားတယ်ခင်ဗျာ

commentinfo By: sharon myorr myor at Dec 5, 2012
Comment #4

………………………

commentinfo By: SoFarAwayFromU at Dec 6, 2012
Comment #5

ကဗျာလေးတွေက ကောင်းပါတယ်

commentinfo By: Kyaw Zin Than at Dec 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment