Professional Authors

အလွမ်းတေး

တဖြေးဖြေးနဲ့ဘ၀တွေခြားနား
ရှင်သန်ခြင်းတွေတောင်
အယောင်ယောင်အမှားမှားဖြစ်ခဲ့ရ
လိုက်လို့မမှီတဲ့ လောကဓံက
ခပ်ကြမ်းကြမ်းတိုက်တဲ့အခါ
ဝေဒနာတွေသာရှင်ကျန်ရစ်
ကိုယ့်ဒဏ်ရာကိုကိုယ်ပြန်ရက်ရသလို
သွေးပျက်စွာကျွမ်းလောင်နေခဲ့ရပေါ့ ။

ဝမ်းနည်းစရာတွေမတွေးပါပဲ
လမ်းခွဲကာကျန်ရစ်ခဲ့ရသူလို
ရင်ထဲမှာရှိုက်ကာငို
ပိုမိုကာမပြောချင်ပါဘူး
ကိုယ်ဆိုတာအလွမ်းတေးသာမို့
မင်း
နားဝင်ချင်မှဝင်လိမ့်မယ်
နားဆင်ချင်မှဆင်ပါ့ကွယ် ။         ။

In: ကဗျာ Posted By: Date: Dec 4, 2012
Comment #1

ဝမ်းနည်းစရာတွေမတွေးပါပဲ
လမ်းခွဲကာကျန်ရစ်ခဲ့ရသူလို
ရင်ထဲမှာရှိုက်ကာငို

မငိုပါနှင့်ရှင်

commentinfo By: မေပျို at Dec 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment