Professional Authors

သူငယ်ချင်းကောင်း

သူငယ်ချင်း…..ငါမင်းကိုထာဝရခင်မင်ခွင့်ပြုပါ။
သူငယ်ချင်း…..ငါမင်းကိုထာဝရယုံကြည်ခွင့်ပြုပါ။
သူငယ်ချင်း…..
ငါ့ရဲ့စိတ်ကို သိတာမင်း
ငါ့ရဲ့လျှို့ဝှက်ချက်ကို သိသူကမင်း
ငါ့ရဲ့အရိပ်အကဲကို နားလည်တာကမင်း
ငါအခင်မင်ဆုံးကလည်း မင်းဘဲလေ၊
ဒါပေမဲ့ မင်းက…..
ငါ့ကိုစကားတစ်ခွန်းတောင်ပြန်မပြောဘူး
ငါ့ကိုအပြစ်တစ်ခုတောင်မတင်ဘူး
ငါ့ကိုအကြံတစ်ခုတောင်မပေးဘူး
ရှိပါစေတော့…..
မင်းက ‘တိတ်ဆိတ်ခြင်း’ ဖြစ်နေတာကိုး၊
မင်းနဲ့သိကျွမ်းခွင့်ရတာကို ငါဂုဏ်ယူပါတယ်၊
ငါ…မင်းနဲ့အတူ…..
ထာဝရရှိနေပါရစေလို့ တောင်းဆိုချင်ပါတယ်။ ။

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

သူငယ်ချင်းတွေရဲ့ ချစ်ခင်မှုကို ပြန်လည်ဖြေကြားထား ဖတ်လိုက်မိတဲ့အတွက် သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ကြပါစေနော်……….
https://www.poemscorner.com/post-type/myanmar-poems/2240

commentinfo By: မနောဖြူလေး at Jun 29, 2010
Comment #2

kwi,,kwi.,,,
thu kaa sa kar pyaw tat bu lar hin?

commentinfo By: ei lay at Jan 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment