Professional Authors

ရုပ်ရှင်

ဇာတ်လမ်းကတော့ …….
ကြော်ငြာမပါ စာတန်းမထိုး
ခပ်ရိုးရိုးသာ စတင်ခဲ့ ………. ။

ဇာတ်ဆောင်တွေကတော့ …
လဲသူလဲ …………………….
ကွဲသူကွဲ …………………….
ဇာတ်လိုက်တွေကတော့ ………..
တောင်ငေး မြောက်ငေးနဲ့ ….
ယောင်တောင်တောင်ဖြစ်နေခဲ့ရပေါ့ ။

ဇာတ်လမ်းတွေကတော့ ……..
ထူးမခြားနား ………………..
ဇာတ်ဆောင်တွေကသာ ……..
ပို ပို သားနားလာခဲ့ ………….။

အခုတော့ …………………….
ဆင်ဆာတွေက ………………
လွတ်လွတ်လပ်လပ် …………
ပရိုဂျူဆာတွေကလဲ …………
ပေါပေါများများ ……………….။

ဒါပေမယ့် ……………………..
အိုင်ဒီယာတွေကတော့ ………
ရှားနေသလိုများ ……………..
တွေးနေမိရဲ့ …………………..။

ဒီဇာတ်လမ်း …………………..
မဆုံးခဲ့တာကတော့ …………..
ကျိန်းသေလွန်းခဲ့တယ်ဗျာ ။        ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Nov 29, 2012
Comment #1

ကောင်းတယ်

commentinfo By: HEROSMITH at Nov 29, 2012
Comment #2

good thought, bro

commentinfo By: မေပျို at Nov 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment