Professional Authors

ဒီမိုးက ရေစီးတဲ့ ကျွန်တော်မိသားစုတိုင်းပြည်

မနေ့ကကျွန်တော်တို့ဆီ မိုးရွာခဲ့တယ်
ကျွန်တော်အိမ်လေးမှာ ဒီမိုးက ရေစီးနေတယ်
ကျွန်တော်အဖေက အမေကိုပြောတယ်
ခုံရှည်လေးကို ယူပေးပါတဲ့
အမေက ခုံရှည်လေးကို ယူပေးခဲ့တယ်
အဖေက ခုံရှည်လေးပေါ်တက်ပြီး
ခေါင်းမိုးပေါက်နေတဲ့ နေရာလေးကို
ဖာထေးလိုက်တယ် အမေကပြောတယ်
“ရှင် အခုမှ ခေါင်းမိုးပေါက်တာ ဖာထေးနေလို့
ဘာထူးမှာလဲ” အဖေက အရင်တုန်းက လုပ်ဖို့စဉ်းစားခဲ့တယ်
သို့သော် မိသားစု စားသောက်ဖို့အတွက် လုပ်နေရလို့ ပြန်ပြောခဲ့တယ်
အမေက “ရှင်က ကျွန်မတို့ မိသားစုတိုင်းပြည် ဘုရင်လေ
ရှင် မလုပ်ရင် ကျွန်မတို မိန်းမသားတွေ ဘယ်လုပ်နိုင်မလဲ” ပြောလိုက်တယ်
အဖေစိတ်ဆိုးဆိုးနဲ့ ခုံပေါ်က ပြန်ဆင်းလာတာ အခုတော့ ကျွန်တော်အိမ်လေး
ပိုးဆိုးဝါးတဲ့ ဒီမိုးကြောင့် ပိုမို ရေစီးခဲ့တာ ကျွန်တော်တို့ နေလို့မရတဲ့အထိဖြစ်ခဲ့ပြီ…။

ဒီမိုးကြောင့် ရေမစီးခင် မိသားစုလေး အေးအေးချမ်းချမ်းနေချင်တယ်
ကျွန်တော်တို့မိသားစုတိုင်းပြည်လေး ခိုက်ရန်မဖြစ်စေချင်
အေးချမ်းသာယာသော အသိုင်းဝိုင်းတစ်ခုလို မိသားစုထဲ ဖြစ်စေချင်တယ်
ကူညီပေးပါ ရိုင်းပင်းပေးပါ ကျွန်တော်ကမ္ဘာလေးမှာ…။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 27, 2011
Comment #1

စိတ်ကူးလေး ကောင်းတယ်ဗျာ
အားပေးနေပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment