Professional Authors

တစ်ခုသော ပြဇာတ်တစ်နေရာက မအောင်မြင်ခဲ့သော ဇာတ်ဝင်ခန်းတေး

တစ်ခုသော ပြဇာတ်တစ်နေရာက
……………………………………
မအောင်မြင်ခဲ့သော
……………………
ဇာတ်ဝင်ခန်းတေး
………………….

နင်က
သရက်ပင်ကိုမေးတော့
တောင်ပိန္နဲပင်ကို လက်ညှိုးထိုးပြတယ်

တောင်ပိန္နဲပင်ကိုမေးတော့
သရက်ပင်ကိုလက်ညှိုးထိုးပြတယ်…

ငါ့မှာ…
တံလျှပ်ကိုရေထင်ပြီး
တောင်ပေါ်က အတင်းဆင်းပြေးလာတဲ့
သမင်တစ်ကောင်လို….

တောအုပ်ကိုမမြင်ဘူးလို့ သွားကြည့်ခဲ့တာ
အခုတော့သစ်ပင်တွေပဲ
ငါတွေ့လိုက်ရ…

သံယောဇဉ်ဆိုတာ
ဘယ်လိုမှဆပ်လို့မကုန်နိုင်တဲ့
အကြွေးတစ်ခုလား…

အချစ်ဆိုတာ…
ငါ ဘယ်လိုမှရိုက်ချိုးပြီး
ရုန်းထွက်လို့မရခဲ့တဲ့ထောင်…

မီးစာမကုန်
ဆီမခမ်းသရွေ့တော့
ငါလောင်ကျွမ်းနေရဦးမှာပေါ့ ဂျမ်းစိန်ရယ်….

In: ကဗျာ Posted By: Date: Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment