Professional Authors

လူအ ပုံပြင်

ဆောင်းနှင်းတွေတီးတိုး
ပုံပြင်တစ်ပုဒ်ကို
အမှတ်တရ
ပြန်ပြောကြလေရဲ့
ချောလှလွန်းတဲ့
ပုံပြင်ထဲက
နတ်သမီး
လူ့ပြည်ကို ဆင်း
လူအ တစ်ယောက်နဲ့
ချစ်ကြိုးသွယ်မိလေရဲ့
နတ်သမီးက စိတ်ကစား
လူအ ကတော့ နှလုံးသားကို
ချရင်း ခဲ့လေရဲ့
ဘာမှမမျှော်လင့်
သူမပျော်ရွှင်မှုသာ
သူ့ဘ၀လေ
သူမအလှ
သူမအရယ်အမော
မပျက်စေဖို့
တယုတယ
ဆုတောင်းပေးရှာတယ်
ဖန်တီးပေးရှာတယ်
ဖြည့်စွမ်းပေးရှာတယ်
သူက နတ်သမီးပဲလေ
ဘယ်ကြာရှည်ခံပါမလဲ
လူအ လေးကို ထားခဲ့တော့တာပေါ့
ဘယ်သူဘာပြောပြော
လူအလေး မျှော်နေခဲ့တယ်
သတိတရရှိနေခဲ့တယ်
လွမ်းနေခဲ့တယ်
မနေ့ကအထိပေါ့
မနေ့က သတင်းစာထဲမှာ
နတ်သမီး နာမည်လေးနဲ့
လက်ထက်ပြီးစီးခြင်း ကြော်ငြာလေး
မပါခင်အချိန်အထိပေါ့
ယခုတော့လည်း
သတင်းစာတစ်ရွက်ကို
ခပ်လှမ်းလှမ်းက ရပ်ကွက်က
ချောင်းကူတံတားလေးပေါ်မှာတွေ့တယ်
မလှမ်းမကမ်းမှာ
လူအလေး ရဲ့ ဖိနပ်
ပြီးတော့ နတ်သမီးရဲ့ဓါတ်ပုံ
လက်စွပ်တစ်ကွင်း
လူအ ကတော့
ထိုနေ့ က လူပျောက်စာရင်းထဲ ပါဖြစ်တယ်
တစ်ယောက်ကပျော်တယ်
တစ်ယောက်က ၀မ်းနည်းတယ်
တစ်ယောက်က ငိုတယ်
တစ်ယောက်က ရယ်နေလေရဲ့
လွမ်းရတဲ့အခါ
နာတာက ရင်ဘတ်
အိပ်မရတာ ဘာကြောင့်ပါလိမ့်လို့
လူအလေးကိုယ် စား
ကျွန်တော် စဉ်းစားကြည့်တယ်………………။

In: ကဗျာ Posted By: Date: Nov 18, 2012
Comment #1

🙂
Nice story.

“Lu ak lae” ka ma ak par bu naw..kyauk tat Dar par.
“Lu ak lae” ka ak nay yin “Nat ta me lae” ko be lo chit tat hmar le loh.
“Lu ak lae” ka ak nay yin “Nat ta me lae” ko be lo saunt shout tat hmar le loh.
Hote bu lar?

Thu ka yoe tar phyu sin de Thu par.”Lu ak” hote par bu.
But ne ne dot nyant Dar pop naw.
Bar loh Nat ta me ko ya aung ma u Dar le?
Chit de so p Thu myar lat hte pay like ya lar loh?

commentinfo By: ei lay at Nov 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment