Professional Authors

ကယောင်ခြောက်ချားနဲ့ သူမကိုမက်ခဲ့တဲ့အိမ်မက်

မစိုပါဘူး…ဖုန်တလူးလူးနဲ့ လေတွေတိုက်နေတဲ့ 
တိမ်ညိုတွေအုပ်ဆိုင်းနေတဲ့ နေရောင်ခြည်အလင်းတန်းများအောက်မှာ
ဘယ်ကမှန်းမသိတဲ့ ပန်းခြံကခုံတန်းလေးမှာထိုင်ရင်း
သူမအားတတွတ်တွတ်တောင်းပန်နေခဲ့တယ်
ကျွန်တော်ဖွင့်ပြောလိုက်ရင်စိတ်ဆိုးသွားမှာမို့ လို့ 
သူမကတော့အမြဲပြုံးလျက်…ကန်ရေပြင်ကြီးကို
သူမအရိပ်နှင့်လရိပ်ကိုမြင်နေရတဲ့ ရေကန်အမှတ်နဲ့ 
ငုံ့ ကြည့် ၊ ပြုံးပြ ၊ သီချင်းတွေဆိုလို့ …။   ။

ကျွန်တော့်အိမ်မက်ထဲမှာတော့…သူမဟာ…မင်းသမီးတစ်ပါး
သူမအိမ်မက်ထဲမှာတော့…ကျွန်တော်ဟာမလိုအပ်တဲ့ 
တောက်တိုမယ်ရကောင်လေးပေါ့…။  ။

ဒီလိုနဲ့ ပဲ…ရုတ်ချည်းဆိုသလို
တိမ်တွေလန့် ပြေးကာ….မိုးစက်တွေခုန်ဆင်းလာတယ်
ဒဿဂီရိကျွန်တော့်အတွက်ငိုချလိုက်တာဖြစ်မယ်လို့ …တွေးမိပါရဲ့ 
မကြာပါဘူး…
ကျွန်တော့်အသည်းခွဲမယ့်…မြှားနဲ့ ကောင်ရောက်လာပြီး
ကျွန်တော့်အသည်းကိုဒဏ္ဍာရီထဲမှာထားခဲ့ကာ
သူမအား….ခေါ်ဆောင်သွားခဲ့လေပြီ…။  ။

ကျွန်တော့်ရဲ့ အချစ်တွေ…ဒိုင်ယာရီထဲမှာပဲထားခဲ့ပါကွယ်
ဒဏ္ဍာရီသို့ မကူးပြောင်းပါနဲ့ 
နောင်တစ်ခေတ်မှာ…အချစ်ကိုသုံးသပ်ကြမယ့်
လူငယ်တွေ…လှောင်ပြောင်နေပါဦးမယ်…။  ။

အိမ်မက်မှနိုးနိုးခြင်းပင်…လူငယ်များအတွက်
ကွမ်းစားရင်း….ဝါးရင်း…မထွေးပဲငုံထားရင်
လျှာပေါက်တတ်သလို….
တစ်စုံတစ်ယောက်အား…ချစ်နေရင်း
ဖွင့်မပြောပဲ  ငုံထားနေရင်
အသည်းကွဲတတ်တယ်….။   ။

In: ကဗျာ Posted By: Date: Nov 16, 2012
Comment #1

Talkie tway myint lar de naw.
😛

commentinfo By: ei lay at Nov 16, 2012
Comment #2

အရမ်းလန်းတယ် အရေးအသားတွေက

commentinfo By: maypyo22889 at Nov 16, 2012
Comment #3

ကျေးဇူးပါအစ်မတို့ ~~~~
🙂
🙂
🙂

commentinfo By: loafer at Nov 16, 2012
Comment #4

ရာဝဏ္ဏ ကမျက်ရည်မကျတက်ပေမယ့်
ကျုပ်သာလက္ခဏာဆိုရင်
ခင်ဗျားအတွက်ငိုပေးချင်တယ်။
ခင်မင်လေးစား အားပေးသွားပါတယ်။

commentinfo By: miss tower at Nov 16, 2012
Comment #5

ကျေးဇူးပါ~~~~အခုလိုခံစားအားပေးတဲ့အတွက်

commentinfo By: loafer at Nov 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment