Professional Authors

ပြသဒါးနေ့ ဧ။်ပုံတို ပတ် စများ

ကြာခဲ့ပေမယ့်.နှလုံးသားမှာ
အ…ရေး…..အ…ကြောင်းများစွာနဲ့ 
           အခုထိလွမ်းနေဆဲ…
နေ၀င်…နေထွက်အကြိမ်အရေတွေများလာခဲ့လည်း
ခင်ဗျားပြောသလို
ဘယ်တော့မှန်းမသိတဲ့ တစ်နေ့ နေ့ မှာ
ကျုပ်အဆုံးသတ်ချင်တရ်
လောလောဆယ်
ဘ၀ကိုထင်ရာစိုင်း..မပြိုမလဲခင်အချိန်ထိတော့
ကျုပ်ကခင်ဗျားရဲ့ ဗီလိန်ပေါ့
တကယ်ဆိုကျုပ်နံနက်ခင်းတွေကို
ကျုပ်ကိုယ်တိုင်ထွန်းလင်းခွင့် မရှိဖူး
ခင်ဗျားနဲ့ ရေးတဲ့ ကျုပ်ဘ၀မှတ်တမ်း
ညနေခင်း အလွမ်းသယ်လာတဲ့ 
လေပြေတွေလိုလျော့တိလျော့ရဲ ပါပဲ
ညတွေဆို
ရစရာမရှိအောင်တစ်ကိုယ်ကောင်းဆန်ပြနေလိုက်တာ
အတိအကျမပြောတတ်ပေမယ့်
ကြယ်တွေစုံတဲ့ ညမှာခင်ဗျားကို
ပိုပိုလွမ်းဖြစ်တရ်
ပိုပိုပြီးမျှော်လင့်မိတရ်
ဘယ်လိုပဲမျှော်လင့်ထားပါစေ
အရင်တစ်ခါလို..ခင်ဗျားရှေ့ က
မျက်ရည်တွေ နဲ့ ပဲ လှည့်ပြန်ခဲ့ရမယ်ထင်တရ်။

                                   

In: ကဗျာ Posted By: Date: Nov 11, 2012
Comment #1

ကျုပ်ကခင်ဗျားရဲ့ ဗီလိန်ပေါ့
တကယ်ဆိုကျုပ်နံနက်ခင်းတွေကို
ကျုပ်ကိုယ်တိုင်ထွန်းလင်းခွင့် မရှိဖူး

commentinfo By: maypyo22889 at Nov 12, 2012
Comment #2

ဗီလိန်လဲချစ်တတ်တယ်လေ…………..
အားပေးသွားပါတယ်.

commentinfo By: May Kha at Nov 12, 2012
Comment #3

ကြာခဲ့ပေမယ့်.နှလုံးသားမှာ
အ…ရေး…..အ…ကြောင်းများစွာနဲ့ 
အခုထိလွမ်းနေဆဲ…

အားပေးနေပါတယ်။

commentinfo By: 20.4.12******* at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment