Professional Authors

*H O P E*

ဆိတ်ငြိမ်သော အသံလှိုင်းများကြား နှုန်းထား မတူတဲ့ နှလုံးသားများ လားရာမတူတဲ့ စိတ်ကူးတွေနဲ့ ပြေး လွှား လျှောက် သွားနေကြ ……( အဲဒါကို တချို့က အတွေး လို့  သတ်မှတ် သမုတ် ထားကြတယ် …… )

အဲဒီမှာ …..

ရှေ့မတိုး နောက်ဆုတ် မရဲ ဖို့  ရိုက်ချိုးထားတဲ့ခြေလှမ်းအသေ တွေ ရဲ့ မျက်ရည်
လက် ထိုး အန် ထားတဲ့ ဒဏ်ရာပြ စာရွက် လေး တစ်ရွက် နှစ်ရွက် …. သုံးလေးငါးရွက် …
လောင်ကျွမ်းမှု တွေကို တယုတယ ပွတ်သပ် နမ်းရှိုက်နေတဲ့ စီးကရက်တိုလေးတွေ ..ဟိုတစ သည် တစ – ပြန့်ကျဲ
စက်ရုပ် ဆန် ဆန် သက်ဝင် နေ တဲ့ ပြဿဒါးနိမိတ်နဲ့ နလုံးသား ..တစ်ယောက် နှစ်ယောက် ….= သုံးယောက်

 

အတိတ်ဖြစ်သွားမယ့် အချိန်နာရီ တခုနဲ့ အံတု ……… ရင်း အတူတကွ …. တည်ရှိနေခဲ့ကြဖူးတယ်

 

ဘယ်သူ့အတွက် (လို့)  မှန်းဆမရတဲ့ အနာဂတ်ရှည်တွေ (စိတ်ကူးယဉ်အိပ်မက်တွေ)
ဘယ်သူ့ကို (လို့) အဖြေထွက်ခွင့်မရှိတဲ့ ဈာပနာမြောက်  မေးခွန်းတွေ
ဘယ်သူ့ကြောင့် (လို့) သုံးနှုန်းမရတဲ့ ငြိမ်သက်မှုတွေ

စသဖြင့်သော နာကျင်မှုတွေနဲ့ တန်ဆာဆင်ထားတဲ့ ထောင်ချောက်အခန်းငယ်ထဲ

ငဲ့ညှာသနားမှု
ထောက်ထားစာနာမှု
အားနာဟန်ဆောင်မှု
ထိန်းချုပ် တွေဝေမှု     ……………. ရနံ့ တွေ လေထုထဲ ဝေေ၀ဆာဆာ အငွေ့ပျံ ဆဲ

 

သူဟာ ကျွန်တော်ပါ – ကျွန်တော်ဟာ ခင်ဗျား ပါ ပြီးတောာ့ ခင်ဗျားဟာ သူမ ပါ

အတိတ်ဟာ ကျွန်တော် ဖြစ်လို့   ပစ္စုပန်ဟာ ခင်ဗျား အနာဂတ်ဟာ သူဖြစ်ပါစေတော့  –
မပြည့်နိုင်တဲ့ ရည်ညွှန်းဆုတောင်းတွေနဲ့ အသည်းနှလုံးတချို့ မောပန်းနွမ်းလျ

 

တကယ်တော့ –

အချစ် ဆိုတာ နာကျင်မှုတွေစုစည်းထားတဲ့ စကားစု တခု

ဘယ်သူမပြု မိမိမှု … ဆိုကာ ကံကြမ္မာကို ခွန်းတုံ့မျှ မဆိုသာ ပဲ ကျေကျေနပ်နပ် …. မောဟိုက်နေ ခဲ့ ကြ တယ်

(ဒါပေမယ့် ဘယ်တစ်ဦးတစ်ယောက်မှ ကြိုက်နှစ်သက်ဟန်မပြခဲ့ကြဘူး  (လက်လျော့လိုက်ဟန်လည်း မပြခဲ့ကြဘူး))

 

စက္ကန့်လေးတွေ အသက်ကြီးလာတော့ မိနစ်တွေဖြစ်သွားတယ်
မိနစ်လေးတွေ အသက်ကြီးလာတော့ နာရီတွေ အထပ်ထပ်တိုးသွားတယ်

တကယ် ..လို့ … များ
လူတွေမေးမေးနေတဲ့ ရှေ့ရေးဆိုတာရယ် ……… မေမေ ပြောပြောနေတဲ့ အနာဂတ်ဆိုတာရယ်
ပြီးတော့ …. ကျွန်တော် တပ်မက်နေတဲ့ အိပ်မက်ဆိုတာတွေရယ်….. ရောသမမွှေခွင့်သာရခဲ့ရင်

 

အဲဒီ ထောင်ချောက်ဆန်တဲ့ အခန်းငယ်ထဲ “အတူတကွတည်ရှိနေမှု” ရဲ့ side effect ဖြစ်တဲ့ “နာကျင်ရခြင်း”တွေကို ထွေးပိုက်
အတိတ်ဖြစ်သွားမယ့် အချိန်နာရီတွေကို ရပ် ဆိုင်း ထား လိုက် ချင်တယ်

ကျွန်တော်တို့ ……………..
တယောက် ကို တယောက် …….
ခွဲခွာဖို့  …. အဆင်သင့် မဖြစ်ကြသေးဘူး ။

ခုချိန်ထိ (ဒီစာရေးနေချိန်ထိ)    ရင် ကွဲ နာ ကျဖို့ .. တစ်ဦး   အတွက် တစ်ဦး က အပြန်ပြန်အလှန်လှန် ကြောက်ရွံ့နေတတ် ကြတုန်းပဲ။

 

ဒီလိုပါပဲ .. ဘ၀ ဟာ တခဏ ဆိုတာတွေနဲ့ အသားကျဖို့  အတော် ခက်ခဲ နေတတ်တယ်။

In: ကဗျာ Posted By: Date: Nov 11, 2012
Comment #1

ကျွန်တော်တို့ ……………..
တယောက် ကို တယောက် …….
ခွဲခွာဖို့  …. အဆင်သင့် မဖြစ်ကြသေးဘူး ။…… မဖြစ်ချင်ဆုံးဆန္ဒတစ်ခုနဲ့ ဖြစ်မလာတဲ့ အရာတစ်ခုက ခွဲခွာမှု

commentinfo By: မာန်ခက်ဝင့် at Nov 11, 2012
Comment #2

SOOO SERIOUS

commentinfo By: ko seng at Nov 11, 2012
Comment #3

အချစ် ဆိုတာ နာကျင်မှုတွေစုစည်းထားတဲ့ စကားစု တခု

commentinfo By: maypyo22889 at Nov 12, 2012
Comment #4

မိုးရေ……..အရေးအသားတွေတွက်ဂုဏ်ယူလျှက်ပါ……

commentinfo By: May Kha at Nov 12, 2012
Comment #5

ဒီလိုပါပဲ .. ဘ၀ ဟာ တခဏ ဆိုတာတွေနဲ့ အသားကျဖို့  အတော် ခက်ခဲ နေတတ်တယ်။

commentinfo By: May Kha at Nov 12, 2012
Comment #6

ဘယ်သူ့အတွက် (လို့) မှန်းဆမရတဲ့ အနာဂတ်ရှည်တွေ (စိတ်ကူးယဉ်အိပ်မက်တွေ)
ဘယ်သူ့ကို (လို့) အဖြေထွက်ခွင့်မရှိတဲ့ ဈာပနာမြောက် မေးခွန်းတွေ
ဘယ်သူ့ကြောင့် (လို့) သုံးနှုန်းမရတဲ့ ငြိမ်သက်မှုတွေ ///////

ကျွန်တော်တို့ ……………..
တယောက် ကို တယောက် …….
ခွဲခွာဖို့  …. အဆင်သင့် မဖြစ်ကြသေးဘူး ။
ကျွန်တော်တို့ ……………..
တယောက် ကို တယောက် …….
ခွဲခွာဖို့  …. အဆင်သင့် မဖြစ်ကြသေးဘူး ။
ကျွန်တော်တို့ ……………..
တယောက် ကို တယောက် …….
ခွဲခွာဖို့  …. အဆင်သင့် မဖြစ်ကြသေးဘူး ။

commentinfo By: thidangenge at Nov 12, 2012
Comment #7

အတိတ်ဖြစ်သွားမယ့် အချိန်နာရီ တခုနဲ့ အံတု ……… ရင်း အတူတကွ …. တည်ရှိနေခဲ့ကြဖူးတယ်

commentinfo By: apollo at Nov 12, 2012
Comment #8

လန်းတယ်ဗျို့ အစ်မတော်အရေးအသားတွေကဘယ်အချိန်ဖတ်ဖတ် ဘယ်နှစ်ခေါက်ဖတ်ဖတ် ဘယ်တော့မှရိုးမသွားတဲ့ လန်းတဲ့ဆန်းတဲ့အရေးအသားတွေဘဲဗျို့
ကဗျာတွေနဲ့အဆက်အသွယ်ပြတ်နေတာကြာပြီ အခုကဗျာဖတ်ချိန်ခဏလေးမှာအစ်မတော်ကဗျာလေးကို အသေအချာကိုဖတ်သွားပါတယ် ။

With respect,
RAY

commentinfo By: X - ray at Dec 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment