Professional Authors

အစွဲ

ကြိုသိပြီးသား တစ်ခုအတွက်
ဘာတစ်ခုကိုမှ တွယ်ဖက်မနေခဲ့ပါဘူး
တင်းခဲ့ဘူးတဲ့ စိတ်တွေကို လျှော့ချ
သူမ ပျော်ရွှင်သောဘ၀ကို
ပိုင်ဆိုင်နိုင်ရပါစေ …

သဘောထားကြီးတတ်အောင်ကျင့်ရင်း
တိုက်စားခြင်းကိုခံရတာပါ
ဘယ်လိုကြိုးစားမှုမျိုးကမှ
အဆိုးမြင်ဝါဒကို ကျွတ်တန်းရစေလဲ
အပြိုပြိုအလဲလဲ လွမ်းဖူးခဲ့ပါရဲ့ကွယ်…

နှင်းဆီတစ်ပွင့်အောက်က
တသသကျရှုံးခြင်းအကြောင်းအရာ
အဲဒါရှက်စရာမဟုတ်ပါဘူး
ယစ်ယစ်မူးမူးစာရင်းမှာ
ငါ့နာမည်ပါသွားတာကလွဲရင်
အကြင်နာစစ်စစ်များ စာတမ်းကို
နည်းနည်း စူးစမ်းကြည့်ကြပေါ့ …

ပြေးတဲ့သူနောက်
တကောက်ကောက်ကြွေခဲ့ပြီးနောက်မှာ
ကဗျာတွေသက်ရင့်လာခဲ့တယ်
ကျေးဇူးလဲတင်ပါရဲ့ကွယ်
တကယ်ချစ်ခဲ့သင့်တာက
ငါ့ဘ၀အချိန်တွေဆိုတာ
သိခွင့်ရလိုက်ပါတယ် …

ကြည်နူးခြင်း သာယာခြင်း
တပ်မက်ခြင်း တွေပေါင်းစပ်တဲ့
သူမရဲ့ အနမ်းနုနုတွေကလွဲရင်
ငါ့မှာ အကုန်လုံးကျန်ပါသေးတယ်
စုန်းကဝေထက်ကြွယ်တဲ့
မျက်ဝန်းလက်လက်တွေနောက်
အိပ်မက်တွေ မပျောက်တော့ဘူးကွယ်…

ချစ်တယ် ချစ်တယ် ချစ်တယ်
သူမ မကြားနိုင်ပါဘူး
ရင်ခွင်သက်သက်ထူးသံရဲ့ ဂီတမှာ
နာမည်မလိုပါဘူး
ကောင်းကင်စူးတဲ့ လူတစ်ယောက်
ကောက်ရခဲ့ဘူးသော မျက်ရည်စများ
အသွားထက်ထက် လေပြေ
သေအံ့မူးမူး အတိတ်များ
ကြားရင်လဲကြားကြပါလိမ့်မယ်
တကယ်တော့
ကျနော် တကယ်ကိုအသည်းကွဲခဲ့ပါတယ်လေ …
 

In: ကဗျာ Posted By: Date: Nov 10, 2012
Comment #1

ချစ်တယ် ချစ်တယ် ချစ်တယ်
သူမ မကြားနိုင်ပါဘူး
ရင်ခွင်သက်သက်ထူးသံရဲ့ ဂီတမှာ
နာမည်မလိုပါဘူး
ကောင်းကင်စူးတဲ့ လူတစ်ယောက်
ကောက်ရခဲ့ဘူးသော မျက်ရည်စများ
အသွားထက်ထက် လေပြေ
သေအံ့မူးမူး အတိတ်များ
ကြားရင်လဲကြားကြပါလိမ့်မယ်
တကယ်တော့
ကျနော် တကယ်ကိုအသည်းကွဲခဲ့ပါတယ်လေ …
အရမ်းကောင်းတဲ့ ကဗျာပါ .. အားပေးသွားပါတယ်

commentinfo By: maypyo22889 at Nov 10, 2012
Comment #2

နှစ်သက်စွာ ဖတ်ရှု ခံစားသွားပါတယ် .. :’)

commentinfo By: အသဲကွဲမိုး at Nov 11, 2012
Comment #3

ဟေ…သောက်ကျိုးနည်း…
ကောင်းလိုက်တဲ့ ကဗျာ။
အသုံးအနှုံး စကားလုံးကအစ
ကောင်းတယ်ဗျာ။

commentinfo By: mr.black at Nov 11, 2012
Comment #4

oh,,god
tay loh ya de kwar…
a yann ko laee sarr par de

commentinfo By: ei lay at Nov 11, 2012
Comment #5

ကောင်းလ်ုက်တာ………လူတိုင်းအသဲကွဲဘူးတယ်လေ….
😀

commentinfo By: May Kha at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment