Professional Authors

ငရဲပြည်သို့ အလည်ထွက်ခြင်း (၁)

 

ပိုက်ဆံတော့ မပါဘူး

ဖိနပ်ပြတ်တော့ရှိတယ်

ဝင်လို့မရရင် ငါပြန်ပါ့မယ်…။

 

ခေါင်းငုံ့ထားတဲ့လူမှာ

ကောင်းကင်ဆိုတာ သူစိမ်းတရံစာသာဖြစ်တယ်..

အရူးတွေ ပြန်မြင်ရမှာစိုးလို့

ငါဦးပြန်မမော့တာ ကြာခဲ့ပြီ..။

 

ပြောပါ…အထက်ကလေသံနဲ့

မြေထက်နိမ့်တဲ့ လူအတွက်

ဒီနေ့မနက်ဟာလည်း ပြသဒါးဘဲ မဟုတ်လား..

 

ငါ…ဆာနေပြီ..။

 

ရွှေသွားကွပ်ထားတဲ့လူရဲ့ပါးစပ်မှာ

ကွမ်းချိုးတွေကပ်နေသလို..

 

သီချင်းတစ်ပုဒ်ဆိုရင်း

ငိုနေတဲ့ ပြည့်တန်ဆာတစ်ယောက်လို…

 

ညီလာခံသဘင်ကို ငေးနေတဲ့

သူဖုန်းစားတစ်ယောက်လို…..

 

ငါ့ကို သနားတတ်ပါစေ။။။

 

ခွန်အားကို ငါမလိုပါဘူး

အစကတည်းက

ဧ၀ရတ်တောင်ကို နဖားကြိုးတပ်ဖို့ထိ

ငါမှ မကြိုးစားခဲ့ဘဲ…

ငါလိုတာ အစာနည်းနည်းပါဘဲ…။

 

ငါ့ကို…

ထညက်တစ်ခဲလောက်ဘဲ..ပေးပါ။။။။

 

နိုင်တင်း

In: ကဗျာ Posted By: Date: Nov 9, 2012
Comment #1

မိုက်တယ်…

commentinfo By: SoFarAwayFromU at Nov 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment