Professional Authors

လမ်းညွှန်ဆိုင်းဘုတ်အလိုရှိသည်

သန်းခေါင်ယံနောက်က ညနက်တွေ

ဂစ်တာသံကတိုးလျ တိုးဝင်ငြိမ်သက်လို့

နူးညံ့သောတေးသွားတချို့ အကွာအဝေးတစ်ခုဆီ

ခရီးထွက်နှင့်ကြပြီ။

 

ဝေးကွာသွားပြီးမှဆို ပြန်ဆုံဖို့ခက်ခဲမှာပေါ့

ချစ်သောဂစ်တာအိုလေးရယ်

အဲဒီလို တေးသွားလေးက ဆွေးဆွေးမြေ့မြေ့ပြောတယ်။

 

 

ဒီဇာတ်လမ်းမှာ ဖုံးကွယ်ထားတာမရှိပါဘူးတဲ့

ငါကိုက ဇာတ်လမ်းဆုံးအောင်ကြည့်ဖို့

သတ္တိမရှိတာပါ………………………………။

အသင့်စောင့်ကြိုနေသော နာကျင်စရာများကို

ပြုံးပြနူတ်ဆက် ပွေ့ဖက်လက်ခံဖို့တော့

အားအင်မွေးရဦးမယ်လေ။

 

ချစ်သောဂစ်တာအိုလေးရေ……….

ငါဟာ ကော်ဖီကြိုက်သော ချာတိတ်လေးတစ်ယောက်ပါပဲ။

သူကတော့ ဘ၀တွေအထိပါ လှိုက်ပါခါးသက်စေသော ကော်ဖီတခွက်ပါပဲ။

ငါတို့ကြားက ခြားနားချက်ဟာ ………….. ဘာဖြစ်နိုင်သလဲဆိုတဲ့အဖြေကို

အခုငါအသိချင်ဆုံးပဲ။

 

မဖြူစင်တာချင်းတူတယ်ဆိုပြီး

ညီမျှခြင်းချ………………

သင်္ချာဘာသာရပ်လို………….ကိန်းဂဏန်းချင်းချေလို့ရရင်

ငါလေ…………ချေပစ်လိုက်ချင်တယ်။

အခုတော့………..။

 

ငါဆက်လျှောက်ရဦးမယ်……. ဂစ်တာအိုလေးရေ။

မင်းကိုငါမေ့လျော့ထားခဲ့မိသမျှ…………………..

နောက်ဘ၀ရောက်မှသာ အပြစ်ပေးပါတော့။

အခုတော့ ငါဆက်လျှောက်ရဦးမယ် ဂစ်တာအိုလေးရေ

ငါဆက်လျှောက်ရဦးမယ်….။

 

ဗီဇ (၂.၁၁.၂၀၁၂)

In: ကဗျာ Posted By: Date: Nov 9, 2012
Comment #1

သတ္တိရှိဖို့ က ခက်…

commentinfo By: SoFarAwayFromU at Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment