Professional Authors

definition of love

အချစ်ဆိုတာ
ပေးဆပ်ခြင်း
ရယူခြင်း
စွန့်လွှတ်ခြင်း
ဝေခွဲနေတုန်းရှိသေးတယ်
လမ်းတစ်ဝက်က
လက်ပြနှုတ်ဆက်
လှည့်ထွက်သွားတော့
နေမထိဘဲ
အလွမ်းပန်းတွေ
ရင်တစ်ခင်းလုံးမှာ ပွင့်
မွှေးမြကျန်ခဲ့တဲ့နောက်
အချစ်က
ကြေကွဲလွမ်းဆွတ်ရခြင်း ….

In: ကဗျာ Posted By: Date: Nov 3, 2012
Comment #1

What is love?

commentinfo By: ei lay at Nov 4, 2012
Comment #2

Love is ………….

commentinfo By: maypyo22889 at Nov 4, 2012
Comment #3

အချစ်ဆိုတာ
ချစ်နေရုံသက်သက်
ချစ်တက်ဖို့ပဲ။
လွမ်း၊ပျော်၊စွန့်၊ပိုင်
အချစ်နဲ့ မဆိုင်ဘူးလေ။
အတ္တနဲ့ခံစားရင်တော့
ငိုမှာလား၊ရယ်မှာလား
မင်းကံတရားပေါ့။
ကံဆိုတာ စေတနာလေ။
To…Ei lay

commentinfo By: mr.black at Nov 5, 2012
Comment #4

ချစ်တတ်ဖို့ပဲလား တကယ်လားဟင်

commentinfo By: maypyo22889 at Nov 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment