Professional Authors

ခြေတော်ရင်း

ပဒုမ္မာရွှေကြာပန်းနားဗေဒါရောက်သလို
ဖြစ်နေရော့သလား…..
အို….
ဖြစ်နိုင်ရင်ကျူးပစ်ကိုဖားချင်တယ်
မြားတစ်ချောင်းအတွက်..။
သြော်…..
ဒါပေမယ့်
အရိပ်အောက်ကနေပန်းကိုကြည့်ချင်တာတောင်

ဘေးနားမှာသိမ်ငယ်ခြင်းက
လာလှောင်ပြောင်နေတယ်….။
သို့ ပေမယ့်…
စိတ်ကတော့မိုက်ငှားပေးပါတယ်
ဟစ်လိုက်တဲ့…..။
အန်ခဲပြီးစင်အောက်ကိုကြည့်တော့
အားငယ်မှုအတွက်ပရိသတ်မှမရှိတာ...။
ကမ္ဘာကြီးသာမလုံးဘူးဆိုရင်
ငါပြေးထွက်လွတ်မြောက်ခဲ့တာကြာပြီ…။
အခုတော့…
နီကျင့်ကျင့်နေလုံးနဲ့ အတူ
ပင်စည်ခြေရင်းကိုရောက်ခဲ့ပေါ့..

In: ကဗျာ Posted By: Date: Oct 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment