Professional Authors

=== အလွမ်းများ ===

အလွမ်းတွေ … တနင့်တပိုးနဲ့
အတောင်ပံကျိုးနေတဲ့ ချစ်ခြင်းတစ်စုံ
ထဲထဲဝင်ဝင်ကြိုးစားပေမယ့်
သဲထဲရေသွန်ဖြစ်ရတဲ့ ……
ချစ်ခြင်းအပိုင်းအစများ ……….။

ငါ့အတွက်တော့ ……………
အချစ်ဆိုတာ ………………
မနှစ်ကပြက္ခဒိန်တစ်ခုလို …..
ချောင်ထိုးခံခဲ့ရ ……………..
အလွမ်းတွေတိုင်းဟာ ………
မခါးတတ်ခဲ့ဖူးဆိုတာ ……….
လွမ်းဖူးသူသာ သိနိုင်သလိုမျိုး ….
အလွမ်းယဉ်ပါးမှု့ပြဿနာဖြစ်နေခဲ့ ။

တကယ်ခက်နေတာက
ဒီအလွမ်းတွေကို ……
စွဲလမ်းနှစ်ခြိုက်မိနေတာပါပဲ ။        ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Oct 23, 2012
Comment #1

တကယ်ခက်နေတာက
ဒီအလွမ်းတွေကို ……
စွဲလမ်းနှစ်ခြိုက်မိနေတာပါပဲ ။။။။။

commentinfo By: maymoe at Oct 26, 2012
Comment #2

ဟုတ် တယ်နော် … အလွမ်းတွေကို စွဲလမ်းနှစ်ခြိုက်မိနေ တာ ပါပဲ.. ဆိုတဲ့ စာသားလေးကို တိုက်ဆိုင်နေ လို့ အရမ်းကြိုက် ပါတယ် …..

commentinfo By: saung Hnin Phyu at Nov 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment