Professional Authors

နွေ

ရော်တဲ့ ရွက်ဝါ

ကြွေကာလေကျ

မြေမှာခလို့ 

စပြန်ပြီလေ

………….နွေ။         

 

ဒီနွေဘာဝ

လေကဆောင်သည်

တောင်မှမြောက်သို့ 

မြောက်မှတောင်သို့ 

တောင်လေဦးနှင့် 

မြောက်လေရူးတို့ 

ပေါင်းကူးခဏ

မြူးတဲ့ လေပွေ

မြင်လေကာမှ

နွေဦးပါလား

သိလာရသည်

ရာသီဟောင်းလဲ

မပြောင်းလေတဲ့ 

နွေးလေမွှေးဆဲ

………….နွေ။

 

လေကဖြူးဖြူး

လေရူးဝှေ့ ဝှေ့ 

ကူးခဲ့ ဒီနွေ

ရာသီပြောင်းပြီ

အလီလီ   ။         

 

ဘယ်ဆီဘယ်ဝယ်

ဘယ်ကအလွမ်း

အလွမ်းဘယ်ဆီ

ပယ်ချင်သော်လည်း

ပေါ်လာလေရူး

မြူးလေတိုင်းဝယ်

ရည်ရွယ်စိတ်တို့ 

ဆွေးလို့  လိုလို

လွမ်းလို့ လိုလို

မလွမ်းသလို

လွမ်းသလို…သြော်

လွမ်းစိတ်ပို တဲ့ 

နွေ………….။

 

နွေလေသင်းရဲ့ 

ညင်းတဲ့ တေးသံ

သူ့ ထံနံဘေး

ပြေးလာနိုးနိုး

ဝေးသွားနိုးနှင့်

ရိုးပင် ရိုးတံ

ပင်ယံ ထီးထီး

ပင်အိုများနှင့်

နွေပျိုပျိုမှာ

ချိုတဲ့  ဥသြ

ရောလေပြီမို့ 

သည်နွေခင်းတော့

ဖုန်မကင်း၍

သဲမရှင်းလဲ

နွေနံ့  သင်းမြဲ

မွှေးပျံ့  ဆဲပဲ….နွေ။…………….။

 

                           သစ်ပင်

In: ကဗျာ Posted By: Date: Oct 22, 2012
Comment #1

သတိရမိတယ်….နွေကို~~~:)

commentinfo By: loafer at Oct 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment