Professional Authors

ငြိမ်းချမ်းရေးကို ခံတွင်းမတွေ့သူမရှိ

ကောင်းကင်ကြီးကို မျက်နှာကျက်တပ်ကြမလား

ကောက်ကွေ့။

မင်းတို့ငါတို့အားလုံးဟာ သူတို့အတွက်လို့

ဆိုခဲစေ မြဲစေ ပေါ့။

ကျောင်းစိမ်းအကျီင်္လေးနဲ့တော့ သွေးတွေသုတ်မပစ်ချင်ဘူး။

မီးခိုးတွေ တလူလူထွက်တာ

လက်ခုပ်လက်ဝါးတီးလို့ အော်အော်ရယ်ရင်း မခုန်နိုင်ဘူး။

မအိပ်ဘဲနဲ့လည်း အိပ်မက်တွေ မက်လို့မက်…

မစားဘဲနဲ့လည်း ထမင်းတွေ နင်လို့နင်…

မပြေးဘဲနဲ့လည်း ခြေထောက်တွေ ပေါက်လို့ပေါက်…

မငိုဘဲနဲ့လည်း မျက်ရည်တွေ ကျလို့ကျ…။

 

သေနတ်ပြောင်းတွေ ပူလာတာဟာ

နှလုံးသားတွေ အေးလာလို့…

 

အဲ့လိုလား..။ကောက်ကွေ့ ..။

ဒါကို ရုပ်ရှင်တစ်ကားလို

ငါတို့ နေကြာစေ့ကလေး

တဖြောက်ဖြောက်ခွာစားရင်း ထိုင်ကြည့်ရမှာလား။

ဒါဟာ နွံ့ ထဲ ကျွံနေတဲ့ လှည်းဘီး

ပုရွက်ဆိတ်ကလေးတွေက ပဲ ပုရွက်ဆိတ်ကလေးတွေကို

ကျွေးမွေး /စောင့်ရှောက် / ဆေးကု / ရေချိုး /  အလောင်းပြင်

ငိုကြီးချက်မ/  အော်အော်ခေါ်(သား ……… သား………ရေ………)

ပုရွက်ဆိတ်ကလေးတွေက ပုရွက်ဆိတ်ဆန်ဆန်

ကောင်းကင်ကို ပြောင်းချင်ကြပေါ့…။

အနုပညာအားနည်းခြင်းဟာ စစ်ကို

ဓာတ်ဆီလောင်းတယ်၊မီးတို့တယ်၊လေပင့်တယ်၊အားဆေးတိုက်တယ်။

အခုဆို ငါတို့ဟာ မေးထူးခေါ်ပြောကိုမှ

မလုပ်ရဲကြ (ဘယ်မျက်နှာ ရှေ့ထားပြီး ) ။

Shopping Mall တွေကို လှည့်မကြည့်ရဲကြ

ပိုက်ဆံအိတ်ကို ပုတ်မပြရဲကြ

တွန့်နေတဲ့ အကီင်္ျကို ဆွဲမဆန့်ရဲကြ

အလင်းတုတွေကို မထွန်းရဲကြ

ခုရေတွင်း မတူးရဲကြ ၊ ခုရေကြည်မသောက်ရဲကြ

ငွေသံကြေးသံတွေ မထွက်ရဲကြ

ဆံပင်တွေကို သပ်မတင်ရဲကြ

မကစားရဲကြ ၊ မနားရဲကြ

အမွှေးနံ့သာတွေ မဆွတ်ပျံ့ရဲကြ

Touch Screen တွေကို မတို့မထိရဲကြ

မမောပန်းရဲကြ ၊ စိတ်မညစ်ရဲကြ ၊ မညည်းညူရဲကြ…

ကိုယ်ချင်းစာတရားဟာ မင်းတို့ငါတို့ကိုရှက်ဖို့

နေ့ရောညပါ နှိပ်စက်တယ် ကောက်ကွေ့  ….။

 

စစ်တို့ လာပြီး စစ်တို့ သွားလိမ့်မယ်

အစစဟာ ဒီမြေပြင်ဟာ မလွဲမသွေ ပြောင်းလဲကြမှာပဲ

ဒါပေမဲ့ လယ်မီးခိုးကတော့ အမြဲရှိလိမ့်မယ်

လယ်ထွန် ယောကျာ်းဟာလည်း ဆက်လက်ထွန်နေဦးမှာပဲ

ချစ်ခြင်းမေတ္တာ ဆိုတာဟာလည်း ဘယ်သောအခါ မှ ပျောက်လွင့်သွားနိုင်တာမျိုး မဟုတ်တော့

တစ်ဦးလက် တစ်ဦးတွဲပြီး သွားနေကြတဲ့ ချစ်သူတွေဟာလည်း

ကမ္ဘာကုန်သည် အထိ ရှိနေကြမှာပဲ ။ ။

(သောမတ်စ်ဟာဒီ)

 

ကောင်းကင်ကြီး ငိုနေတယ် …

ငိုသံတွေ တုန်ရီရီအသံတွေပျော်ဝင်နေတဲ့ ဆုတောင်းသံတွေ က

ထိခိုက်မိသွားလို့များလား

ကိုဟိန်းရေ…ကြားလိုက်လား … ကျွန်တော် တွေ့ လိုက်ရတယ်

သက်တမ်းတစ်ခုနဲ့ မမှီလိုက်တဲ့ အတိတ်က မျက်နှာမဲ ၊ စစ်

သမိုင်းစာအုပ်/တွေ ထဲမှာတင် သွေးလန့်စေ စက်ဆုပ်စေ ရွံ ရှာစေ ….စေ တဲ့ စစ်

မမှီလိုက်တာတောင်ခပ်ကောင်းကောင်းရယ်ပါ ကိုဟိန်းရေ

 

အကြောင်းတွေ တိုက်ဆိုင်မှုကြောင့်သာလျှင် ဒီလိုစစ်တွေ ပေါ်ပေါက်လာရခြင်းဖြစ်တယ် ၊ဒီအကြောင်းတရားတွေ မရှာဖွေနိုင်သေးသရွေ့ စစ်တွေ ဖြစ်နေဦးမယ် လို့ တော်လ်စတွိုင်း ကပြောခဲ့တယ်

 

ဆောရီး ကိုဟိန်းရေ … စကားလွဲသွားတယ် … စကားလွှဲလိုက်တာ မဟုတ်ကြောင်း

ဒါနဲ့ ကောင်းကင်ကြီး ငိုနေရတာ သူတို့တွေ ငိုနေကြတာ ဒီရက်နဲ့ဆို ဘယ်နှရက်ရှိပြီလဲ

ကျေးလက် က အူထွက်လာတဲ့ မီးခိုး နံ့ ကို ကျွန်တော် ကြိုက်ပါတယ်…

ဒီ ဒီမီးခိုးတွေ ဟာတော့ / မှာတော့ နတ်ဆိုး ၀င်ပူးထားသလို

မြေဘယ်နှလက်မ အတွက် အသက် ဘယ်နှချောင်းလဲ

ကျူးကျော်သူ ကို ကာကွယ်ရမှာပေါ့ ကာကွယ်ကြတာပေါ့

မြေစာပင်/တွေ ရေ ထားခဲ့ ငါ့ကို ထားခဲ့တော့ လို့ မီးလောင်မြေ က အော်နေတယ်…

 ငြိမ်းချမ်းတဲ့ စားကျက်မြေ ဆီကနေ သူတို့တွေ ကို

ဘယ်သူခြောက်လှန့်မောင်းထုတ်ခဲ့တာလဲဟေ့

ကြိုးကိုင်သူ ကို ကြိုးမိန့်ပေးပါ (ဗိုလ်ချုပ်)

ဘာသာရေးအဆောက်အအုံတွေ

ဘုရားပုထိုးတွေ

စာသင်ကျောင်းတွေ

မြေမခစကောင်း

သွေးစွန်းမြေမှာ ပန်းတွေ မှ ပွင့်နိုင်ပါဦးမလား

သေနတ်သံတွေ စိုက်ဝင်နေတဲ့ ကောင်းကင် မှာ ဆည်းလည်းသံတွေ လွင့်နိုင်ပါဦးမလား

ယမ်းနံ့ စွဲ အပူလောင် သစ်ပင်/များဆီမှာ ကျေးလက်နံ့ ထွက်နိုင်ပါဦးမလား

ထွီ….

အလှတရား ကို ဖျက်ဆီးပြီး

ငြိမ်းချမ်းရေး ကို လုပ်ကြံတယ်

ဒီမြေကနေ ထွက်သွားပေးပါ ထွက်သွားပေးပါ စစ်

ကျွန်တော်တို့ နိုင်ငံ ကိုဟိန်းတို့ နိုင်ငံ ဟာ

ဗုဒ္ဓဘာသာ ၏ သာသနာရိပ်အောက်တွေ အေးချမ်းနေပါသောကြောင့်

စစ် စစ် ဆိုတဲ့ မာရ်နတ် အစေအပါး ကို

မကြားလိုပါ မတွေ့ လိုပါ

အခုချက်ချင်းထွက်သွားပေးပါ

သွေးတွေ စွန်းခဲ့ပေမဲ့

ပန်းတွေ ဖွင့်ဖို့

စိုက်ဝင်နေတဲ့ ကျည်ဆန်တွေ ဆွဲ နှုတ်ပြီး

ကျေးလက်ရဲ့ မီးလောင်မြေ ကို

ပြန်ပြီး ထုဆစ်ဖို့

ကျွန်တော် တို့ ကိုဟိန်းတို့

အားရှိနေမှ အဆင်သင့်ဖြစ်နေမှ

ဖေးမ သူ ကိုယ်တိုင် တွဲထူဖို့ လက်တွေ

ဖေးမ သူ ကိုယ်တိုင် အားပေးဖို့ အားတွေ

ဖေးမ သူ ကိုယ်တိုင် ကူညီဖို့ တတ်နိုင်သမျှတွေ/တတ်နိုင်သလောက်တွေ

လိုတယ်မဟုတ်လား … ဟုတ်တယ်မဟုတ်လား။

ကောင်းကင်ကြီးကို မျက်နှာကျက်တပ်ဖြစ်ရင် ဆက်သွယ်ကွယ်

စံပယ်ဖြူဖြူလေးတွေ

ပျိုး

ထား

တယ် ။

ကျွန်တော်တော့  ကိုဟိန်းပျိုးတဲ့စံပယ်တွေ ပွင့်တဲ့အခါ

ဘုရားမှာကပ်ဖို့

ဟန်ပြင်နေတယ်

မြန်မာပြည် ငြိမ်းချမ်းပါစေ ကြောင်း

မြန်မာပြည် ဆက်ဆက်/ဆက်လက် သာယာပါစေကြောင်းပါ ကိုဟိန်းရေ ။ ။

 

ကောက်ကွေ့                                        |                                 ဟိန်း          

 

June 18.2012

In: ကဗျာ Posted By: Date: Oct 18, 2012
Comment #1

Really. Nice creations

commentinfo By: ei lay at Oct 18, 2012
Comment #2

မပျောက်ကွယ်တဲ့ ချစ်ခြင်းတွေကြောင့်ပဲ လူတွေပျောက်ကွယ်…

commentinfo By: SoFarAwayFromU at Nov 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment